Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက မဲကနယ်ဒေသကို လေကြောင်း၊လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်

ဧပြီ ၂၃ရက်နှင့် ၂၄ရက်တို့တွင် လေကြောင်းနှင့် လက်နက်ကြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟုလည်း အသိပေးသည်။

(စစ်ကောင်စီတပ်က မြ၀တီမြို့နယ် မဲကနယ်ဒေသအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်က မြ၀တီမြို့နယ် မဲကနယ်ဒေသအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Cobra Column)

▪︎ဓာတုဗုံးဟုယူဆရသည့် လက်နက်ကြီးအမျိုးအစားပါဝင်ဟု ကော်ဘရာထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲကနယ်ဒေသ၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ယမန်နေ့နှင့် ယနေ့ ၂ရက်ဆက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဧပြီ ၂၃ရက်နှင့် ၂၄ရက်တို့တွင် လေကြောင်းနှင့် လက်နက်ကြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟုလည်း အသိပေးသည်။

တော်လှန်ရေးအင်အားစု လုံခြုံရေးယူထားသောနယ်မြေအား ဧပြီ ၂၃ရက်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ဗုံး)ဟုယူဆရသော လက်နက်ကြီးအမျိုးအစားများလည်းပါဝင်ကြောင်း ဖော်ပြသည်။

ဧပြီ ၂၄ရက် နံနက်အစောတွင် ရန်သူဘက်မှတိုက်လေယာဉ်ဖြင့် တော်လှန်ရေးတပ်များ လုံခြုံရေးယူထားသည့် နယ်မြေအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ဖော်ပြပါအတိုင်း ဓာတုဗုံးဟုယူဆရသော လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။