Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် မန်ကျည်းကန်ရွာ စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ်ပြီး ရွာမီးရှို့နေ

စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်နေ့ကလည်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့ MI35 ဖြင့်ပစ်၍ လူချခဲ့ပြီး ကျေးရွာ ၃ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

Update News
Update News

▪️ကျန်းမာရေးမကောင်းသူများအပါအဝင် ဒေသခံအချို့ ဖမ်းဆီးခံထားရဟုဆို

မကွေးတိုင်း မြိုင်မြို့နယ်ရှိ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရဟတ်ယာဥ်သုံးစီးဖြင့် တပ်အင်အားချပေးကာ ရွာကိုမီးရှို့ဖျက်ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဧပြီ ၁၈) နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်သည် Mi-35 တစ်စင်း မကျည်းကန်ရွာသို့ရောက်ရှိလာပြီး လေကြောင်းမှ မိနစ် ၂၀ ခန့်ပစ်ခတ်ပြီး ၊Mi-17 ရဟတ်ယာဥ် နှစ် စီး​ပေါ်မှ စစ်သားနှင့် ပျူ​စောထီးများကိုချ​ပေး၍ရွာအတွင်းဝင် ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ​ပြောသည်။ထိုစစ်သားနှင့်ပျူများက ရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လေကြောင်းက ပစ်တယ်ရှင့်။ မြင်တဲ့သူတချို့က ပြေးလာရင်း ဖုန်းဆက်ပြောလို့ သိရတယ်။ အခုက ပျူရော ရောပြီးလာတာ”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် မကျည်းကန်ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံအားဝင်စီးကာ ပြေးလွှားနိုင်ခြင်းမရှိသော လူနာများအပါအဝင် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးထားပြီး ပြည်သူမည် မျှ အဖမ်းခံထားရသည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ရဟတ်ယာဥ်သုံးစင်းဖြင့်လာချသွားသော ပျူနှင့်စစ်သား ခန့်မှန်းအင်အား (၇၀)ဝန်းကျင်သည် မကျည်းကန်ရွာအတွင်းဆက် ရှိနေသောကြောင့် မကျည်းကန်အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူအများအပြား ထွက်ပြေးနေကြကြောင်း စုံစမ်းသိရသည်။

မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆေးရုံနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ ရွာထဲ၌ ရှိနေသေး၍ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း နယ်ခံများက ပြောသည်။

“ညနေပိုင်းထိ မန်ကျည်းကန်ရွာထဲမှာ ရှိနေသေးတယ်။ ဆေးရုံထဲမှာရှိတဲ့ လူနာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူတချို့ ဖမ်းဆီးခံထားရတယ်။”ဟု ​ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်နေ့ကလည်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့ MI35 ဖြင့်ပစ်၍ လူချခဲ့ပြီး ကျေးရွာ ၃ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။