Connect with us

Hi, what are you looking for?

All posts tagged "The Call – ခေါ်သံ"

ရသစာတမ်းငယ်

သူ့ အသက် ၃၅ နှစ်ရှိပြီ။ သူငယ်ချင်းများကတော့ အားပေးသည်။ စစ်မှုထမ်းအသက် ကျော်သွားပြီဖြစ်၍ အေးဆေးသွားဟု ဆိုကြသည်။ တချို့ကလည်း အားပေးသည်။ မျက်မှန်နှင့် ပေါင် ၂၀၀ ကျော်ရှိသည့်အတွက် ခေါ်ချင်စရာ မဟုတ်ဟု ဆိုသည်။ တချို့ကလည်း ခြိမ်းခြောက် မြှောက်ပေးသေးသည်။ အသက်နှင့် ရုပ်...

Short Story

သူ့ကို "မိုး" လို့ ခေါ်ကြတယ်။ နာမည်အပြည့်အစုံကို မြန်မာအချင်းချင်းက ခေါ်ရတာလွယ်ပေမယ့် ထိုင်းတွေက "မိုး" လို့ခေါ်ရတာ ပိုလွယ်ပုံရတယ်။ မိုးဆိုတဲ့အသံကို ပီပီသသ အသံထွက်လို့ရတယ်လို့ ပြောလို့ရမှာပါ။ မြန်မာနိုင်ငံသားတွေရဲ့ နာမည်ကို ထိုင်းတွေအခေါ်ရခက်တာ အသံထွက်ရခက်တာတွေ ရှိပါတယ်။

ကဗျာ

သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ ဗုဒ္ဓအရှေ့ဒူးတုတ်ဝတ်တွား ဘုရားတပည့်တော်တို့ဘာမှားခဲ့သလဲဘုရားလို့ လျှောက်ကြည့်တော့။ ဗုဒ္ဓဟာ ဆိတ်ဆိတ်နေတော်မူတယ်။ ငါဟာအလိုမကျ နောက်‌တစ်နေရာ မှာ နောက်ထပ်ဗုဒ္ဓ တပါးကို‌ တွေ့လိုတွေ့ငြား ငါထထွက်ခဲ့တယ်။...

ကဗျာ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက် ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊ စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက် ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ ထမင်းလေးရေလေး ပေးသနားကြပါခမျာ...

ရသစာတမ်းငယ်

အိပ်မက်တွေသာ အပြင်မှာ တကယ်ဖြစ်လာရင် ဘဝရဲ့အစိတ်အပိုင်း တော်တော်များများ အဆင်ပြေသွားစေနိုင်မှာဖြစ်သလို ဒုက္ခတွေ့ရမယ့် အကြိမ်ပေါင်းလည်း နည်းမှာမဟုတ်ပါဘူး။

ကဗျာ

Jo ကြားချင်ပါ့မလားမသိပေမယ့် ရန်ကုန်အကြောင်းငါပြောပြမယ်။ မြက်ရိုင်းတွေထူလာတယ် တောကြောင်တွေပေါလာတယ် နေဝင်စောတဲ့ဆောင်းရာသီမှာ မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။ ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။ အဆိုးဆုံးအပိုင်းက သူငယ်ချင်းတွေထွက်သွားကြတာပဲ တချို့က လေယာဉ်ပျံကြီးစီးလို့ တချို့က ကူးတို့ခ...

ရသစာတမ်းငယ်

အစသည် သစ်နှင့်ဝါး ရောကာ ခပ်ကျဲကျဲ စိုက်ထူထားသော ခြံစည်းရိုးပေါ်တွင်ထိုင်ရင်း အဝေးကို ငေးကြည့်ရန်သာဖြစ်သည်။

ရသစာတမ်းငယ်

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။

Short Story

မောင်သုခင် (တမာမြေ) ၁။ “ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ “လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး” “စားတော့စားချင်သားအေ့ ညည...

ကဗျာ

ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ် ကဲ…အဖွားဘာပြောမလဲ… အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး အဖွားတို့ခေတ်ကခေတ်ပျက်ကြီး...

Facebook