ရာမွန်
အော်နေတဲ့ ခေတ်မှာ ကိုယ်က ငူငူကြီးရပ်နေမိတယ်
ကိုယ်တို့က မရေရာဘူး

Public Service Announcement
မြူတွေထဲကနေ အသက်ကို ငင်ရတယ်
သားနှစ်ယောက် ထောင်ဝင်စာပို့ရလို့
ဆန်ကွဲနဲ့စားနေရတဲ့ အန်တီကြီးရှိတဲ့ခေတ်မှာမှ
ကိုယ်တို့က ချစ်မိတယ်
တယောက်တည်း မဟုတ်ဘူး
ဘေးပါတ်ပါတ်လည်ကိုကြည့်လိုက်
လူတွေဟာ စူးတွေပဲ အချစ်
လူတွေဟာ အဆိပ်တွေပဲ
အသံကို ချုပ်လို့မရတော့ လေကို ဖမ်းလို့မရတော့
ဘဝကို ချိတ်ဆွဲကြတယ်
ပြန်လာချင်တယ်
သဘာဝရဲ့ ရင်ခွင်ထဲမှာ ငိုချင်တယ်
အသေးအဖွဲလေးတွေကို တည်ဆောက်မယ်
အချစ်အတွက် ပန်းတွေယူလာချင်ပေမဲ့
ခေတ်ကြီးက သေပန်းပဲပွင့်တယ်
မင်းလက်ဖဝါးတွေပေါ်က လိပ်စာဟာ ကိုယ်မဟုတ်ဘူး
ကိုယ်နဖူးမှာလည်း မင်းရဲ့ဖူးစာမပါဘူး
ကိုယ်နဖူးမှာ ဖိုင်ပွိုင့်ဖိုက်ဆစ် ကျည်ပေါက်ရာကြီး
အဲဒီ့အပေါက်ထဲမှာ ကိုယ်တို့ အချစ်ကို
ကျစ်ဆံမြှီးကျစ်ပြီး
မင်းရဲ့ ကတိတွေနဲ့အတူ မြှူပ်နှံထားခဲ့တယ်။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ရာမွန်’ ရဲ့ “မှားယွင်းတဲ့အချစ်” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
