သတင်း ကျောက်ကြီးမြို့နယ်တွင် KNDO တပ်ရင်း(၃)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 10, 2022
သတင်း လယ်ဒိုမှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ လက်ရှိမှာတော့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေထဲမှာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း(၄၅)ရွာက အိမ်ခြေစုစုပေါင်း(၃၁၈၂)အိမ်နဲ့ လူဦးရေစုစုပေါင်း(၁၇၀၆၇)ဦးအထိ တိုးလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ LuduNwayOoစက်တင်ဘာ 10, 2022
သတင်း ကျောက်ကြီးက KNLA နဲ့ စစ်တပ်တို့တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ KNU သတင်းထုတ်ပြန် KNLAတပ်ဖွဲ့ တစ်ဖက်ကမ်းကို မကူးနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကူးတို့ဆိပ်တွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့စတင်ကာ ကူးတို့ဆိပ်တွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။ LuduNwayOoဇူလိုင် 26, 2022
သတင်း ကျောက်ကြီးမြို့နယ်ထဲက ဖမ်းဆီးခံထားရတဲ့ကရင်လူငယ်အချို့ စစ်တပ်လက်က ပြန်လွတ်လာ လတ်တလောမှာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းက ဒေသခံအရပ်သားပြည်သူဦးရေး သောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။ LuduNwayOoဇူလိုင် 19, 2022
သတင်း ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရွာခံများကို ဓားစာခံအဖြစ်သုံးနေဟု KNU/PDF ကျောက်ကြီး ထုတ်ပြန် “ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ကျောက်ကြီးက တိုက်ပွဲအတွင်း ဒေသခံနှစ်ဦးသေဆုံးပြီး ကလေးငယ်တွေ ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန် ကေအဲန်ယူ-လယ်ဒိုမြို့နယ် မူသယ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီရဲ့ ခလရ(၇၅)တပ်နဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူရဲဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ LuduNwayOoဇူလိုင် 15, 2022
သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ်ကို KNU၊PDF ပူးပေါင်းတပ်က မိုင်း ၁၀လုံးဖြင့်ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း KNU-PDF ကျောက်ကြီး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ကျောက်ကြီးက ရွာတစ်ရွာကို စစ်တပ်က မီးရှို့ပြီး ရွာသားလေးဦးကို ပစ်သတ် ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ် ရွာထဲဝင်ပြီး ရွာသားများကိုပစ်သတ်၍ လေးဦးသေဟု KNU ထုတ်ပြန် ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 3, 2022