Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးက ရွာတစ်ရွာကို စစ်တပ်က မီးရှို့ပြီး ရွာသားလေးဦးကို ပစ်သတ်

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

KNU
KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ လော်မူပယ်ကျေးရွာထဲကို စစ်တပ်ဝင်လာပြီး ရွာသားတွေကိုပစ်သတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဇေယျာလင်းဦးဆောင်တဲ့ ခမရ (၄၃၉)၊ ခလရ (၆၀)နဲ့ ခမရ (၅၃၁)တို့ပူးပေါင်းပြီး လော်မူပယ်ကျေးရွာနောက်ဖက်သို့ဝင်လာကာ ဒေသခံပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့ပြီး အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဒါ့အပြင် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂) လုံး၊ ဆိုင်ကယ် (၁၃)စီး၊ ကားတစ်စီးနဲ့ စက်ဘီးအချို့ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လတ်တလောအချိန်မှာ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများပြာလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU
KNU

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။