Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင် KNDO တပ်ရင်း(၃)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ

အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။

(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)

▪️တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ တစ်ထောင် ကျော်တိုးလာပြီး ကျောင်းများလည်း ပိတ်ထားရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ (၅)နယ်မြေမှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KNUက သတင်းထုတ်ပြန်သည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ဃဲဒဲကျေးရွာအုပ်စုတွင် စက်တင်ဘာ ၇ရက်မှစ၍ စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ တိုက်ပွဲဆက်ဖြစ် နေသည်ဟု KNUက ယနေ့ (စက်တင်ဘာ ၁၀ရက် ) မွန်းလွဲပိုင်းတွင် ဖော်ပြထားသည်။

(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ – KNU)

၄ရက်ကြာပြီဖြစ်သည့် အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အတည်ပြုချက်မရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဃဲဒဲကျေးရွာအုပ်စုရှိ သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနှင့် ဃောထောခီးစသည့် ကျေးရွာပေါင်း (၉) ရွာမှ အိမ်ခြေ ၁၇၇အိမ်၊ လူဦးရေ ၁,၀၃၁ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေစဉ်၊ဓာတ်ပုံ – KNU)

ထို့အပြင် ဃဲဒဲကျေးရွာအုပ်စုရှိ စာသင်ကျောင်း ခြောက်ကျောင်း ပိတ်ထားရကြောင်း အသိပေးထားသည်။

အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။

ယင်းဒေသရှိ စစ်ရှောင်များအပါအဝင် KNU ကျောက်ကြီးမြို့နယ်တွင် စစ်ဘေးရှောင်ရွာ ၄၅ရွာရှိပြီး အိမ်ခြေ သုံးထောင်ကျော်၊ လူဦးရေ ၁၇,၀၀၀ ကျော် စစ်ရှောင်နေကြရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook