Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်ထဲက ဖမ်းဆီးခံထားရတဲ့ကရင်လူငယ်အချို့ စစ်တပ်လက်က ပြန်လွတ်လာ

လတ်တလောမှာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းက ဒေသခံအရပ်သားပြည်သူဦးရေး သောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက ဖမ်းဆီးခံထားရတဲ့ကရင်လူငယ်အချို့ စစ်တပ်လက်က ပြန်လွတ်လာ
ကျောက်ကြီးမြို့နယ်ထဲက ဖမ်းဆီးခံထားရတဲ့ကရင်လူငယ်အချို့ စစ်တပ်လက်က ပြန်လွတ်လာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကရင်လူငယ်တွေထဲက တချို့ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ် ဒေါင်းမို့ကျေးရွာအုပ်စု အလယ်စုနဲ့ ဝါးပင်စုကျေးရွာထဲကို ဇူလိုင်(၁၃)ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ကျေးရွာနေပြည်သူလူထုတွေကို ဖမ်းဆီးခဲ့ကာ အဲ့ဒီအထဲမှာ ကရင်လူငယ်(၂၃)ဦးကို လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာပါ။

အဲ့ဒီနောက် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကရင်လူငယ်တွေကို လူသားဒိုင်းနဲ့ ဓားစာခံအဖြစ်အသုံးပြုပြီး ကျောက်စရစ်စခန်းကို စစ်ကောင်စီက ခေါ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်ကနေ သိရပါတယ်။

“တချို့တော့ပြန်လွတ်တယ်။ ပြန်လွတ်တဲ့သူတွေလည်းလေ မိသားစုနဲ့ ပြန်မတွေ့သေးဘူး။ မိသားစုတွေက အကုန်လုံးထွက်ပြေးတော့လေ။ အဲ့ဒါအဆက်အသွယ်လုပ်လို့မရဘူးဖြစ်နေတယ်။ ဘယ်နှစ်ယောက်ပြန်လွတ်တယ် အဲ့ဒါကို အခုချိန်ထိအတည်ပြုလို့မရသေးဘူး” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၃ တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကတော့ နေရပ်ကိုပြန်မလာရဲကြသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

“မလာရဲသေးဘူးဆိုတာက သူတို့က(စစ်ကောင်စီ)လှုပ်ရှားမှုရှိတယ်လေ။ စစ်ကောင်စီက သွားလာနေတဲ့အခါကျတော့ ဘယ်သူမှပြန်မလာရဲဘူးဖြစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကေအဲန်ယူအုပ်ချုပ်နယ်မြေဖြစ်တဲ့ လယ်ဒိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုကြောင့် နယ်မြေခံ KNLA တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေအပါအဝင် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံအရပ်သား(၁၅)ဦးခန့် သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူရဲ့မှတ်တမ်းအရ သိရပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းက ဒေသခံအရပ်သားပြည်သူဦးရေး သောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။