Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးက တိုက်ပွဲအတွင်း ဒေသခံနှစ်ဦးသေဆုံးပြီး ကလေးငယ်တွေ ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ-လယ်ဒိုမြို့နယ် မူသယ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီရဲ့ ခလရ(၇၅)တပ်နဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူရဲဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KNU
KNU

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး လပိုင်းအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်အတွင်းမှာ ဇူလိုင်(၁၄)ရက် မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ ခမရ(၃၅၁)၊ ခလရ(၆၀) ပူးပေါင်းတပ်တွေဟာ မာလာဦးဂိတ်နဲ့ ဆင်မတောင်ကနေ စပ်လဲကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စပ်လဲကျေးရွာရှိ အသက်(၄၀)အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး အသက်(၁၂)နှစ်နဲ့ အသက်(၅)လအရွယ်ရှိတဲ့ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်(၁၄)ရက်နေ့ မနက် ၇ နာရီအချိန်က စစ်ကောင်စီတပ်က သောင်ပုကျေးရွာရှိ သင်းအုပ်ဆရာတစ်ဦးရဲ့ သားဖြစ်သူ အသက်(၂၇)အရွယ်ရှိတဲ့ လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီနောက် မနက် ၈ နာရီကျော်အချိန်မှာ ကျောက်စရစ်ကျေးရွာအုပ်စု သောင်ပုကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခမရ(၃၅၀)၊ ခမရ(၆၀၃)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉)တို့အကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA ဘက်က ထိခိုက်မှုမရှိပေမယ့် စစ်ကောင်စီဘက်က ထိခိုက်မှုကို အတည်ပြုလို့မရသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

ဒါ့အပြင် နေ့လည် ၁၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က ဇူလိုင်(၁၃)ရက်နေ့က ဖမ်းဆီးထားတဲ့ လယ်ဒိုမြို့နယ် အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာက ဒေသခံပြည်သူလူထုကို ဓားစာခံအဖြစ်ခေါ်ယူပြီး ကျောက်စရစ်စခန်းဘက်ကို ပြန်ဝင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ် မူသယ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီရဲ့ ခလရ(၇၅)တပ်နဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူရဲဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။