Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ်ကို KNU၊PDF ပူးပေါင်းတပ်က မိုင်း ၁၀လုံးဖြင့်ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ

အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း KNU-PDF ကျောက်ကြီး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျောက်ကြီး
ကျောက်ကြီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNU-PDFကျောက်ကြီးက သတင်းထုတ်ပြန် သည်။

ယနေ့ (ဇူလိုင် ၁၄ ရက်)နံနက်ပိုင်းက ကျောက်ကြီးမြို့ နယ်၊ တောကြောင်ပေါက်ရွာအနီး၌ စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းတွင် တောကြောင်ပေါက်ရွာမှ ကျောက်စရစ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုရှိနေကြောင်း ဖော်ပြထားသည်။

ယခု ဇူလိုင်လဆန်းပိုင်း၌ KNU တပ်မဟာ( ၃)နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို KNU က တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း KNU-PDF ကျောက်ကြီး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။