Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ် ရွာထဲဝင်ပြီး ရွာသားများကိုပစ်သတ်၍ ​လေးဦးသေဟု KNU ထုတ်ပြန်

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် လော်မူပယ်ကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူလူထုများအား ပစ်ခတ်သတ်ဖြတ်ခဲ့၍ ​လေးဦးသေဆုံးပြီး တစ်ဦး ဒဏ် ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဇူလိုင်၃ရက် ညနေပိုင်းက ဗိုလ်မှူးဇေယျာလင်း ဦးဆောင်သည့် စစ်ကောင်စီတပ်က လော်မူပယ်ရွာသို့ဝင်၍ ရွာသားများကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊စစ်ကောင်စီတပ် ပစ်ခတ်၍ အသက် ၁၈နှစ်အရွယ်လူငယ် တစ်ဦး၊ အသက် ၂၄နှစ်အရွယ် လူငယ် တစ်ဦးနှင့် အမည်မသိရသေးသည့် ပြည်သူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် KNU ညောင်လေးပင်ခရိုင် (တပ်မဟာ၃) နယ်မြေသို့ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်မှု များပြားလာကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။