သတင်း KNU တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 14, 2026
သတင်း မြဝတီမြို့ ၃နေရာကားမိုင်းပေါက်ကွဲမှု စစ်တပ်လက်ချက်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် ပြော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooစက်တင်ဘာ 14, 2026
သတင်း စစ်တွေမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွေမှာစက်တင်ဘာ၄နောက်ပိုင်းစစ်သား ၂၀၀ခန့်သေဆုံးဟုဆို ludunwayooစက်တင်ဘာ 13, 2026
သတင်း စစ်တပ်ရဲ့ အသက်ရှုပေါက် အဓမ္မစစ်သားစုဆောင်းမှုအစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း မုံရွာ – ချောင်းဦးလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ကားတွေ ချောဆွဲ မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း လက်ပံတန်းအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေနေထိုင်ရာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်နေ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း ကျောက်ဖြူ ၊တောင်မော်ဦးတိုက်ပွဲမှာစစ်တပ်ဆီကလက်နက်ခဲယမ်းနဲ့ အလောင်းတွေAA သိမ်းဆည်းရရှိ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။ ludunwayooစက်တင်ဘာ 12, 2026
သတင်း စစ်မှုထမ်းရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာ လိုက်ဖမ်းဖို့ စစ်တပ်ကို ပေါက်ကိုယ်တော်မြှောက်ပေး မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က မြှောက်ပေးပါတယ်။ ludunwayooစက်တင်ဘာ 12, 2026
သတင်း ရေစကြိုမှာ စစ်တပ်က ဆယ်ဘီးကား နှစ်စီးနဲ့ ပေါ်တာဆွဲ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooစက်တင်ဘာ 12, 2026
သတင်း တံတားဦးလေတပ်ကိုတိုက်ခိုက်တဲ့ ဒရုန်းတွေကိုစစ်တပ် ဟန့်တားနိုင်ခဲ့တယ်လို့ လိမ်လည်တာကိုထင်ရှားစေတဲ့ရုပ်သံထပ်မံထွက်ပေါ် PDF တွေကတံတားဦးလေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF တွေက လေတပ်ရဲ့လေယာဥ်ပြေးလမ်းပေါ်မှာလေတပ်ကစစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။ ludunwayooစက်တင်ဘာ 12, 2026