Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ ၃နေရာကားမိုင်းပေါက်ကွဲမှု စစ်တပ်လက်ချက်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(မြဝတီမြို့မှာကားမိုင်းပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

” ကျနော်ထင်တာတော့ စကစ သူတို့လုပ်တာ။ အဖွဲ့အစည်းတွေ အကုန်လှမ်းမေးပြီးပြီ။ သူတို့လုပ်တာ မဟုတ်ဘူး”

— ကရင်စစ်ရေးသတင်းရင်းမြစ်

စက်တင်ဘာ ၁၃၊၂၀၂၆။ကိုဒီး၊မိုမို/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ည ၁နာရီကျော်ချိန်မှာ မြဝတီမြို့ ရဲစခန်းအနီးမှာ ဗုံး ၁လုံး၊ ရေပူမီးပွိုင့်အနီးမှာ ဗုံး ၁လုံး၊ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီးမှာ ဗုံး ၁လုံး စတဲ့ နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ စုံစမ်းသိရပါတယ်။

“လူထိခိုက်မှုတော့မရှိဘူး။ကားမိုင်းတွေပေါက်တာလို့ သိရပါတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့ နေရာ၃ ခုမှာ ကားမိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်မဟုတ်လို့ စုံစမ်းသိရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ကျနော်ထင်တာတော့ စကစ သူတို့လုပ်တာ။ အဖွဲ့အစည်းတွေ အကုန်လှမ်းမေးပြီးပြီ။ သူတို့လုပ်တာ မဟုတ်ဘူး။ သူတို့လည်း စုံစမ်းနေကြတယ်လေ။ စကစက သူတို့ဟိုဘက်မှာ သူတို့ အခြေနေဆိုးနေလို့ တမင်ဗုံးခွဲတာ ထင်တယ်။ နောက်ပြီး ထိုင်းက တံတား(၂)ဖွင့်ဖို့လုပ်နေတာဆိုတော့ ဖွင့်လို့မလွယ်အောင် တမင်လုပ်တာထင်တယ်။ဖိအားပေးဖို့အ

တွက်ပေါ့။ အခုကတယောက်နဲ့တယောက် လိုက်မေးနေကြတာ ဘယ်အဖွဲ့မှ မဟုတ်ဘူးဆိုတော့ သေချာတယ် စကစလက်ချက်ပဲ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုနှစ်ကြိမ်စလုံးဟာ ပြင်းထန်ခဲ့တာကြောင့် အနီးနားက ဒေသခံတွေအနေနဲ့ သိသာတဲ့ တုန်ခါမှုတွေခံစားခဲ့ရတယ်လို့ အသိပေးပါတယ်။

“ဘယ်လောက်‌ဝေးလဲမသိပေးမယ့်အိမ်ပါတုန်ပြီးလန့်နိုးတယ်”လို့ မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ရက်ကလည်း မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

လက်တလောမှာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာအနီးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တိုက်ပွဲအပြင်းအထန် ဖြစ်နေပါတယ်။

စစ်တပ်မင်းလက်ပံနဲ့ဖလူးဒေသကိုထိန်းချုပ်ဖို့ အင်အားအလုံးအရင်းနဲ့တိုးလာပေမယ့်ရှေ့မတိုးနိုင်ပဲထိခိုက်မှု များနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။