Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာ လိုက်ဖမ်းဖို့ စစ်တပ်ကို ပေါက်ကိုယ်တော်မြှောက်ပေး

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

Screenshot

စက်တင်ဘာ-၁၁၊၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

မန္တလေးမြို့မှာ စစ်မှုထမ်း ခေါ်ယူမှုကို အရင်ကလို မြို့နယ်အဆင့်က မကိုင်တော့ဘဲ ခရိုင်ကနေ တိုက်ရိုက်ကိုင်တွယ်နေကြောင်း၊ အိမ်ထောင်စုစာရင်းအတိုင်း စစ်မှုထမ်းသွားရမှာဖြစ်တဲ့အတွက် စစ်မှုထမ်း လူစားထိုးတာတွေလည်း ရတော့မှာမဟုတ်ဘူးလို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။

“အခုစစ်မှုထမ်းက မြို့နယ်ကနေ မကိုင်ရတော့ဘူး။ ခရိုင်ကနေ ကိုင်နေတယ်။ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုလို့ရှိရင် စစ်မှုထမ်းကို မနှိုက်မနေရမဲ။ အဲဒီတော့ အိမ်ထောင်စုဇယား ရှိတဲ့အတိုင်းပဲယူခဲ့။ တနေ့ကဆိုရင် ဋရပ်ကွက်မှာ မဲနှိုက်တယ်။ သုံးပုံပုံ နှစ်ပုံလာနှိုက်တယ်။ အချို့ကတော့ မဲမနှိုက်ရတဲ့သူတွေ ဝမ်းသာချင်သာနေမယ်။ ဝမ်းမသာပါနဲ့ဗျ။ အဲဒီလူတွေ အရင်အဆွဲခံရမှာပဲနော်”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို မဲနှိုက်ထားပြီးနောက် စစ်မှုထမ်းဖို့ ထွက်ပြေးတိမ်းရှောင်သွားရင်လည်း ရောက်တဲ့နေရာ လိုက်ဖမ်းကြဖို့ ပေါက်ကိုယ်တော်က စစ်ကောင်စီီကို ​မြှောက်​ပေးပါတယ်။

“အဲဒါမျိုးမှ ပြေးတယ်လွှားတယ်ဆိုရင်တော့ ရှိတဲ့နေရာ ရောက်တဲ့နေရာ လိုက်ဖမ်းပေါ့ဗျာ နော့”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းပေါ်တာဆွဲရင် KTV ဟိုင်းခန်းတွေကိုပါ ဆွဲပေးဖို့ ပေါက်ကိုယ်တော်က စစ်တပ်ကို တိုက်တွန်းခဲ့ပါသေးတယ်။

ယခုလက်ရှိ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲတာ၊ စစ်မှုထမ်း မဲနှိုက်ခေါ်ယူတာတွေအပြင် ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေပါ တောင်းယူလာလို့ ဝန်ထမ်းအချို့ အလုပ်ကထွက်ပြီး နယ်ပြန်တာတွေပါ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာလမှာ စစ်မှုထမ်းအပါတ်စဥ်(၂၈)စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။