Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ကားတွေ ချောဆွဲ

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

(မုံရွာ-မန္တလေးလမ်းပေါ် သွားလာနေသော ယာဥ်များအား ပြီးခဲ့သည့်နှစ်အတွင်းက တွေရစဥ် ဓါတ်ပုံံ-Screen Grab)

စက်တင်ဘာ ၁၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်က စစ်သားတွေဟာ မုံရွေးဈေးထိပ်နဲ့ ကြေးမုံရွာထိပ်ကို ရောက်ရှိခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဂိတ်နဲ့ စစ်တပ်ရဲ့ ဘက်စုံစိုက်ပျိုးရေးခြံဂိတ်တွေမှာလည်း ပြည်သူတွေရဲ့ ၆ ဘီးယာဉ်တွေကို ချောဆွဲသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“ခင်မွန် ဘက်စုံခြံထဲ မနေ့ကတည်းက ဆွဲတာ။ မနေ့က ဆွဲတဲ့ကားတွေဒီနေ့လွှတ်တယ်။ ကျီကုန်းရွာဘက်ဆီများစစ်ကြောင်း ဆက်ထိုးဖို့လား မသိဘူး။ ဒီနေ့လဲ ဆက်ပြီးချောဆွဲတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောဆွဲခံထားရတဲ့ ကား ၅ စီးထက်မနည်း ရှိနိုင်ပြီး ပြည်သူတွေထံက ခိုးယူထားတဲ့ပစ္စည်းတွေ သယ်ဆောင်ဖို့လည်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“နယ်မြေအခြေအနေကတော့ မတည်ငြိမ်သေးဘူး။ ပြည်သူတွေကျီးလန့် စာစား သဘောနဲ့ နေနေကြရတာရယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ချောင်းဦးမြို့နယ် ရွှေဒါးကျရွာက သံဃာ​​တော်တစ်ပါး သေဆုံးခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။