သတင်း မိုးကောင်းမြို့နယ်တိုက်ပွဲစစ်တပ်နဲ့ရှမ်းနီပူးပေါင်းတပ်၇ဦးထက်မနည်းသေဆုံး ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဩဂုတ် 19, 2026
သတင်း ရသေ့တောင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 18, 2026
သတင်း ရေဦးမြို့အဝင်မှာ စစ်တပ်က အမျိုးသား ၁ဦးကို ပစ်သတ် စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်မှာ ဆိုင်ကယ်စီးလာသူ အမျိုူသား ၂ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ၁ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 18, 2026
ဆောင်းပါး စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ဓါတ်ပုံတစ်ပုံ စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။ ludunwayooဩဂုတ် 17, 2026
သတင်း စဉ့်ကူးနယ်က ရွှေဘယက်ရွာကို စစ်တပ် ဗုံးကြဲ၊ အမျိုးသား ၁ဦး ထပ်မံသေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း မူဆယ်မှာ တရုတ်ရဲနဲ့ စစ်တပ်က ကျားဖြန့်သက်သေခံပစ္စည်းတွေကို ပြည်သူတွေ အလကားပေးပြီး အစဖျောက် မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ၊ သားအဖ နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကတေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ဆောဒေသမှာစစ်တပ်ရဲ့ဒရုန်းကြောင့်အရပ်သားသုံးဦးသေဆုံး မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ဗန်းမော်၊ ရွှေကူနဲ့ မိုးမိတ်- မဘိမ်းအစပ်မှာ KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်၊ စစ်တပ်က ဗုံးကြဲနေ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဩဂုတ် 16, 2026
သတင်း ကနီမှာ စစ်တပ် ဗုံးကြဲလို့ လူငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 16, 2026