သတင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သောမီးလောင်ပြင်၌ ဆန္ဒပြခဲ့သည့် အရာတော် သပိတ် ဆန္ဒပြပြည်သူများက "တော်လှန်စိတ်ဓာတ်ကိုမီးရှို့ပြာချလို့မရ" ၊ "စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း" စသည့် ဘန်နာစာတန်းများ ကိုင်စွဲကာ "ငါတို့ဟာ ၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ" ဟု ကြွေးကြော်၍ သပိတ်မှောက်ခဲ့ကြသည်။ LuduNwayOoဩဂုတ် 16, 2022
သတင်း ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲဦးဆောင်သူ သမဂ္ဂဥက္ကဋ္ဌဟောင်းကို ရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင်ချ ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။ LuduNwayOoဩဂုတ် 13, 2022
သတင်း အိုးဘိုထောင်တွင် အစာငတ်ခံဆန္ဒပြဦးဆောင်သူ ကိုနောင်ထက်အောင် ရိုက်နှက်ခံရ၍ အသက်အန္တရာယ် စိုးရိမ်ရ ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။ LuduNwayOoဩဂုတ် 12, 2022
သတင်း တနင်္သာရီတိုင်းအတွင်းရှိ PDF ရဲဘော်များက ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် ဆန္ဒပြ PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း နယူးယောက်မြို့ ကုလရုံးချုပ်ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နိုင်ငံတကာက အရေးယူပေးရေး တောင်းဆိုဆန္ဒပြ အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း ဆန္ဒပြလူငယ်များအား ကားဖြင့်တိုက်ဖမ်းဆီးရာတွင် ကားမောင်းပေးခဲ့သူ တောင်ဒဂုံက ရာအိမ်မှူး အသတ်ခံရ အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း ဆန္ဒပြနေရာများကို စစ်ကောင်စီက လာရောက်အကြမ်းဖက်ပြီး အကြောက်တရားထည့်သွင်းနိုင်၍ လူငယ်များက ပြည်သူများကို ဒူးထောက်တောင်းပန် ည ၇ နာရီခွဲအချိန်ခန့်တွင် လမ်းကိုဖြတ်သန်းခွင့်ပြန်ပေးခဲ့သည်။ အထက်ပါ ဖြစ်စဉ်၌ ဖမ်းဆီးခံရသူ များရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။ LuduNwayOoဩဂုတ် 1, 2022
သတင်း ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားအပါအဝင် လူငယ်သုံးဦး ပြန်လွှတ်ပေးရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဆန္ဒပြတောင်းဆို ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ "အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်" ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပြီးတွင်ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင်ဆန္ဒပြလူငယ် သုံးဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 31, 2022
သတင်း ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကွပ်မျက်ခံရမှုအတွက် တောင်ကိုရီးယားရောက်မြန်မာများရာနှင့်ချီဆန္ဒပြ ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသည့် ကိုရီးယားအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများက ကျဆုံးသူရဲကောင်းများအတွက် အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ကာ နှင်းဆီနီတစ်ပွင့်ကိုင်ဆောင်ချီတက်ခဲ့ကြသည်။ LuduNwayOoဇူလိုင် 30, 2022
သတင်း သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့တွင် စစ်ကောင်စီတပ်က ဒီမိုကရေစီအရေး လှုပ်ရှားသူများအားသေဒဏ်ချမှုအပေါ် ကန့်ကွက်ဆန္ဒပြ ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ LuduNwayOoဇူလိုင် 30, 2022