Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြလူငယ်များအား ကားဖြင့်တိုက်ဖမ်းဆီးရာတွင် ကားမောင်းပေးခဲ့သူ တောင်ဒဂုံက ရာအိမ်မှူး အသတ်ခံရ

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဆန္ဒပြလူငယ်များအား ကားဖြင့်တိုက်ဖမ်းဆီးရာတွင် ကားမောင်းပေးခဲ့သူ တောင်ဒဂုံက ရာအိမ်မှူး အသတ်ခံရ
ဆန္ဒပြလူငယ်များအား ကားဖြင့်တိုက်ဖမ်းဆီးရာတွင် ကားမောင်းပေးခဲ့သူ တောင်ဒဂုံက ရာအိမ်မှူး အသတ်ခံရ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ဆန္ဒပြလူငယ် များအား အိမ်စီးကားဖြင့်တိုက်၍ ဖမ်းဆီးရာတွင် စစ်ကောင်စီအတွက် ကားမောင်းပေးခဲ့သူ ရာအိမ်မှူး ချစ်တီး (ခ) ကျော်နိုင်ကို ယနေ့ (သြဂုတ် ၁) ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း South Dagon Guerrilla Force (SDGF) အဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က တောင်ဒဂုံမြို့နယ် တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီဝင်များက အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖြိုခွင်းခဲ့​သော်လည်း လူငယ်များ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။

ယင်းဖြစ်စဥ်တွင် စစ်ကောင်စီ၏ အိမ်စီးကားအား မောင်းပေးခဲ့သူ ဒလန်ရာအိမ်မှူး ချစ်တီး (ခ) ကျော်နိုင်အား ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် တောင်ဒဂုံမြို့နယ် (၂၅) စျေးအတွင်း သေနတ်ဖြင့် ၃ချက်ပစ်၍ ပစ်ခတ်ရှင်းလင်းခဲ့ပြီး အဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း SDGF အဖွဲ့က ဆိုသည်။

“(ချစ်တီး) သူက လွန်ခဲ့တဲ့လေးရက် တောင်ဒဂုံဂိတ်ဟောင်းက သပိတ်ကို ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီရဲ့ ကားကို မောင်းပေးခဲ့တာပါ။ စစ်တပ်က သူ့ကို လက်နက်တပ်ဆင် ပေးထားတာပါ။ ယခင် ကျွန်တော်တို့ ရှင်းလင်းခဲ့တဲ့ (၂၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး (ခေါင်းဖြူ) နေရာကို လိုချင်နေတဲ့ ဒလန်ရာအိမ်မှူးပါ။ ဒါကြောင့် ရှင်းလင်းသုတ်သင်ခဲ့တာပါ။ သူက သေနတ်နဲ့ ပြန်ခုခံဖို့ ကြိုးစားပေမယ့် ကျွန်တော်တို့က လက်ဦးမှု ရယူပြီး သုတ်သင်နိုင်ခဲ့ပါတယ်” ဟု စစ်ဆင်ရေးတာဝန်ခံ ကေ (K) က ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

” ညနေ ၄ နာရီလောက်ထဲက တောင်မြောက်လမ်းဆုံမှာ စစ်သားတွေ၊ မော်တော်ပီကယ်တွေက ကားတွေကို ပိတ်ပြီး စစ်နေတယ်။ ဒလန်ရာအိမ်မှူး အပစ်ခံရလို့တော့ သိရတယ်။ လမ်းဆုံမှာ ကားပိတ်တာ အကြာကြီးပဲ။ ၆ နာရီလောက်မှ အိမ်ပြန်ရောက်တယ် ” ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

SDGF သည် ဒဂုံတောင်မြို့၏ ပြောက်ကျားတပ်ဖွဲ့အဖြစ် ၂၀၂၁ ဒီဇင်ဘာ ၂၃ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ် ၁၀ ခုနှင့်အထက်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။