Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲဦးဆောင်သူ သမဂ္ဂဥက္ကဋ္ဌဟောင်းကို ရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင်ချ

ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

မန္တလေးအိုးဘိုထောင်မှာ အစာငတ်ခံဆန္ဒပြမှုကြောင့် တိုက်ပိတ်ခံထားရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကို ရုံးထုတ်စစ်ဆေးတာမျိုးမလုပ်ဘဲ မျက်ကွယ်မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကိုနောင်ထက်အောင်ဟာ အိုးဘိုထောင်ထဲမှာအစာငတ်ခံဆန္ဒပြမှုကြောင့် တိုက်ပိတ်ခံထားရတယ်လို့သိရပါတယ်။

အစာငတ်ခံဆန္ဒပြပွဲကိုဦးဆောင်တယ်ဆိုကာ ကိုနောင်ထက်အောင်ကို ရိုက်နှက်တာတွေရှိခဲ့ပြီး ဦးခေါင်း၊ကျောကုန်းအပါအဝင် ဒဏ်ရာဒဏ်ချက်တွေရခဲ့ပေမယ့် ထောင်အာဏာပိုင်တွေဟာ ဆေးကုသခွင့်မပေးဘူးလို့ ဗကသများအဖွဲ့ချုပ်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။