Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်တွင် အစာငတ်ခံဆန္ဒပြဦးဆောင်သူ ကိုနောင်ထက်အောင် ရိုက်နှက်ခံရ၍ အသက်အန္တရာယ် စိုးရိမ်ရ

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

(အိုးဘို​ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲ ဦး​ဆောင်သူ ကို​နောင်ထက်​အောင်။ ။ဓါတ်ပုံ-ဗကသ)
(အိုးဘို​ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲ ဦး​ဆောင်သူ ကို​နောင်ထက်​အောင်။ ။ဓါတ်ပုံ-ဗကသ)

မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်သူ ကိုနောင်ထက် အောင် (ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်း)သည် ထောင်တွင်း ရိုက်နှက်ခံရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယမန်နေ့ (သြဂုတ် ၁၁)ထုတ်ပြန်သည်။

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကိုနောင်ထက်အောင်ကို အကျဥ်းထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ရာ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးကြောင်း ကျောင်းသားများသမဂ္ဂ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုနောင်ထက်အောင်ရဲ့ အခြေအနေက အရမ်းဆိုးဝါးတယ် လို့ သိရတယ်။ ဆေးကုခွင့်လဲ မရဘူး။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားတောင် ရှိနေတယ်။ ဆေးကုခွင့်ရဖို့ ကြိုးပမ်းနေပါတယ် “ဟု ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီသည် လက်ရှိတွင် အိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားသဖြင့် ပြည်သူများအနေဖြင့် ထောင်တွင်းတိုက်ပွဲများအပေါ် အာရုံစိုက်ပေးကြရန် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။