Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်တွင် အစာငတ်ခံဆန္ဒပြဦးဆောင်သူ ကိုနောင်ထက်အောင် ရိုက်နှက်ခံရ၍ အသက်အန္တရာယ် စိုးရိမ်ရ

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

(အိုးဘို​ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲ ဦး​ဆောင်သူ ကို​နောင်ထက်​အောင်။ ။ဓါတ်ပုံ-ဗကသ)
(အိုးဘို​ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲ ဦး​ဆောင်သူ ကို​နောင်ထက်​အောင်။ ။ဓါတ်ပုံ-ဗကသ)

မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်သူ ကိုနောင်ထက် အောင် (ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်း)သည် ထောင်တွင်း ရိုက်နှက်ခံရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယမန်နေ့ (သြဂုတ် ၁၁)ထုတ်ပြန်သည်။

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကိုနောင်ထက်အောင်ကို အကျဥ်းထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ရာ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးကြောင်း ကျောင်းသားများသမဂ္ဂ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုနောင်ထက်အောင်ရဲ့ အခြေအနေက အရမ်းဆိုးဝါးတယ် လို့ သိရတယ်။ ဆေးကုခွင့်လဲ မရဘူး။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားတောင် ရှိနေတယ်။ ဆေးကုခွင့်ရဖို့ ကြိုးပမ်းနေပါတယ် “ဟု ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီသည် လက်ရှိတွင် အိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားသဖြင့် ပြည်သူများအနေဖြင့် ထောင်တွင်းတိုက်ပွဲများအပေါ် အာရုံစိုက်ပေးကြရန် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကံပျိုကျေးရွာမှာ အနှိပ်ခန်းတွေဖွင့်လှစ်ထားမှုကို အလိုမရှ်ိကြောင်းဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တစ်နေ့တည်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အဆောင်တွေ ပြိုကျလုနီးပါးတွေဖြစ်နေပြီး အင်ဂျင်နီယာတွေစစ်ဆေးတာမှာ နေထိုင်ရန်မသင့်ကြောင်းမှတ်ချက်ပေးသွားတဲ့ အဆောင်တွေမှာ အကျဉ်းသားတွေကို ဆက်လက်ထားရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

Facebook