Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားအပါအဝင် လူငယ်သုံးဦး ပြန်လွှတ်ပေးရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဆန္ဒပြတောင်းဆို

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပြီးတွင်ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင်ဆန္ဒပြလူငယ် သုံးဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - Ko Thant Zaw Htet /Facebook
ဓာတ်ပုံ - Ko Thant Zaw Htet /Facebook

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ယမန်နေ့က အကြမ်းဖက် စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားအပါအဝင် လူငယ် သုံးဦးအား လွှတ်ပေးရေး ပြည်ပရောက် မြန်မာများက ယနေ့ (ဇူလိုင် ၃၁) နံနက်ပိုင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသား Toru Kubota၊ နွေဦးအိန္ဒြေ နှင့် ဝေယံထက်တို့၏ ရုပ်ပုံများကို ကိုင်ဆောင်ပြီး ဂျပန်နိုင်ငံအနေဖြင့် ဖမ်းဆီးခံလူငယ်များအား အစွမ်းကုန် ကာကွယ်ပေးရန်၊ အဖမ်းဆီးခံ ဂျပန်လူမျိုးနှင့်အတူ လူငယ်များကို လူ့အခွင့်အရေးအပြည့်အဝရရှိ ခံစားနိုင်စေရန်နှင့် ဥပဒေမဲ့နှိပ်စက်ညှဉ်းပန်းသည်မျိုးကို အမြန်ဆုံးတားဆီး ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

“မနေ့က တောင်ဒဂုံမှာ ဂျပန်လူမျိုးဓာတ်ပုံသတင်းထောက်နဲ့အတူ ညီမလေး တစ်ယောက်နဲ့ ညီလေးတယောက်ပါ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းခံထိတဲ့ ​ကလေးတွေကို လူမြင်ကွင်းမှာတင် လမ်းမပေါ်မျက်နှာအပ်ပြီးသေနတ်ဒင်နဲ့ ခေါင်းကိုမြင်မကောင်းအောင် ရိုက်နှက်ခဲ့တာ ဖြစ်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်စရာကောင်းပါတယ်။ သူတို့ကို အစွမ်းကုန်ကာကွယ်ဖို့နဲ့ အဖမ်းဆီးခံ ဂျပန်လူမျိုးနဲ့အတူ တခြားသူတွေကိုပါ လူ့အခွင့်အရေးအပြည့်အဝရရှိခံစားနိုင်ဖို့၊ ဥပဒေမဲ့နှိပ်စက်ညှဉ်းပန်းတာမျိုးကို အမြန်ဆုံးတားဆီးပေးဖို့ကို ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြတာ ဖြစ်တယ် “ဟု ဂျပန်နိုင်ငံရောက် ကိုသန့်ဇော်ထက်က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပြီးတွင်ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင်ဆန္ဒပြလူငယ် သုံးဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးခံရသည့် Mr Toru Kubota အပါအဝင် ဆန္ဒပြလူငယ်များအတွက် ဂျပန်ရောက် ဒီမိုကရေစီအရေး လိုလားသူ မြန်မာနိုင်ငံသားများက ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ယနေ့တွင် အရေးပေါ် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

Facebook