Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်လို့ ကျောင်းဆရာမ ကို ထောင် ၅ နှစ်ချ

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းက မန္တလေးမှာ ခိုလှုံနေတဲ့ အိမ် တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်လို့ ကျောင်းဆရာမ ကို ထောင် ၅ နှစ်ချ
အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်လို့ ကျောင်းဆရာမ ကို ထောင် ၅ နှစ်ချ

မန္တလေးစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာဦးဆောင်ပါဝင်ခဲ့တဲ့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ ရဲ့ဗဟိုကော်မတီဝင် ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်ကောင်စီကအကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၅ နှစ် မျက်ကွယ်အမိန့်ချလိုက်တယ်လို့သိရပါတယ်။

သြဂုတ်လ ၁၇ ရက်က စွပ်စွဲခံရသူမပါဘဲ မျက်ကွယ်အမိန့်ချလိုက်တာလို့သိရပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းက မန္တလေးမှာ ခိုလှုံနေတဲ့ အိမ် တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် အကြမ်းဖက်ပုဒ်မ ၅၂(က) ၊ဆူပူအောင်လှုံဆော်မှုရာဇသတ်ကြီးပုဒ်မ ၅၀၅(က)တို့နဲ့တရားစွဲဆိုခံရပြီး အိုဘိုထောင်ကိုပို့ဆောင်ခံလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အတွက်အမိန့်မချသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။