Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သောမီးလောင်ပြင်၌ ဆန္ဒပြခဲ့သည့် အရာတော် သပိတ်

ဆန္ဒပြပြည်သူများက “တော်လှန်စိတ်ဓာတ်ကိုမီးရှို့ပြာချလို့မရ” ၊ “စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း” စသည့် ဘန်နာစာတန်းများ ကိုင်စွဲကာ “ငါတို့ဟာ ၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ” ဟု ကြွေးကြော်၍ သပိတ်မှောက်ခဲ့ကြသည်။

ဓာတ်ပုံ - အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီ
ဓာတ်ပုံ - အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီ

အကြမ်းဖက် စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သော အရာတော်မြို့နယ် ကျေးရွာတစ်ရွာရှိ မီးလောင်ပြင်တွင် ယနေ့ (သြဂုတ် ၁၇) နေ့လည်ပိုင်း၌ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီမှ ဦးဆောင်၍ မန္တလေး သပိတ်အင်အားစုနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

Public Service Announcement
Public Service Announcement

ဆန္ဒပြပြည်သူများက “တော်လှန်စိတ်ဓာတ်ကိုမီးရှို့ပြာချလို့မရ” ၊ “စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း” စသည့် ဘန်နာစာတန်းများ ကိုင်စွဲကာ “ငါတို့ဟာ ၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ” ဟု ကြွေးကြော်၍ သပိတ်မှောက်ခဲ့ကြသည်။

” ၅/စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ ကျေးရွာတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖိနှိပ် မီးရှို့ဖျက်ဆီးခြင်းကို ခံနေကြရပါတယ်။ ဒါပေမယ့် ပြည်သူလူထုဟာ လုံးဝ လုံးဝ ကြောက်ရွံ့ သွားခြင်း မရှိပါဘူး။ စစ်ကောင်စီ အကြမ်းဖက် ယုတ်မာလေ စစ်ကောင်စီကို ပိုမိုမုန်းတီးရွံရှာ လေလေပါပဲ။ ဘယ်လောက်ပဲ ဖိနှိပ်ပြီး ရက်စက်ပါစေ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခဏလေး တောက်လောင်မဲ့ ကောက်ရိုးမီးတွေ မဟုတ်ပါဘူး ရှားမီးခဲတွေပါ။ မင်းအောင်လှိုင် နဲ့ စစ်ခွေးအပေါင်းအပါတွေ မီးလောင်ပြာကြ သည်အထိ တော်လှန်ရေးခရီးကို ဆက်လက်ချီတက်သွားမှာပါ “ဟု သပိတ်ဦးဆောင်သူက တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။