News စျေးဝယ်ပြန်လာသော ရဲလေးဦးကို တန့်ဆည် မြို့တော်ခန်းမအနီး မိုင်းခွဲတိုက်ခိုက် "တန့်ဆည်လမ်းဆုံကနေ စျေးဝယ်ပြီး စခန်းပြန်အလာမှာဖြစ်တယ်ပြောတယ်။ ပစ်ခံရပြီးတော့ ရဲစခန်းနားကနေ ထွေအုပ်ရုံးထိ မိန်းလမ်းမကြီးကို ပိတ်ထားလိုက်ပြီ"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 17, 2021
News တန့်ဆည်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦးသေ ခြောက်ဦးဒဏ်ရာရဟု TPC အဖွဲ့ထုတ်ပြန် "မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ခွေး ၂ ကောင်ကိုငရဲပို့ဆောင်နိုင်ခဲ့ပြီး၊ ၆ ကောင်ဒဏ်ရာရ၊ ၁ ကောင်မှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း သတင်းအတည်ပြုရရှိပါသည်"ဟု TPC အဖွဲ့က ဆိုသည်။ LuduNwayOoဒီဇင်ဘာ 14, 2021
News တန့်ဆည်တွင် စစ်ကောင်စီတပ်စွဲရာကျောင်းမိုင်းခွဲတိုက်ခိုက်ခံရပြီးအနည်းဆုံးလေးဦးသေဆုံး စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ ရှိသည်ကို ဒေသခံလူမှုရေးအဖွဲ့အချို့ကလည်းအတည်ပြုသည်။အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ကျွန်းလှနှင့် တန့်ဆည်ကို ထိုးစစ်ဆင်ရေး အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဒီဇင်ဘာ 1, 2021
News တန့်ဆည် အထက(၂)အနီး ဗုံးပေါက်စဉ် စစ်ကောင်စီတပ်မှရမ်းပစ်၍ အမျိုးသမီးတစ်ဦးသေဆုံး စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ တန့်ဆည်အထက(၂)အနီးနေထိုင်သူဖြစ်ပြီး ဦးကျော်လွင်ဆိုသူ၏သမီးဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News တန့်ဆည်PDFက ပြည်သူများသတိပြုရန် အချက်များထုတ်ပြန် တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်များသည် နေ့စဥ် ရွေ့လျားစစ်ဆေးနေပြီး အထူးသဖြင့် လူငယ်များအား ပိုမိုစစ်ဆေးနေကြောင်း၊ ကားအတွင်း၊ ဆိုင်ကယ်တူးဘောက်စ်အတွင်းနှင့် ဖုန်းများပါမကျန် တင်းကျပ်စွာ စစ်ဆေးနေသည်ဟု တန့်ဆည် ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 27, 2021
News တန့်ဆည်တွင် ရဲနှစ်ဦးပစ်သတ်ခံရ၊ ရဲကားရောက်လာစဥ်ဗုံးပေါက် သေနတ်ဖြင့်ပစ်ခတ်ခံရသောရဲနှစ်ဦး မှာ သေဆုံးသွားပြီး ၊ဗုံးကွဲမှုကြောင့် ရဲကားထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ဗုံးကွဲသည်ကိုတစ်မြို့လုံးက ကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 4, 2021