Connect with us

Hi, what are you looking for?

News

စျေးဝယ်ပြန်လာ​သော ရဲ​လေးဦးကို တန့်ဆည် မြို့​တော်ခန်းမအနီး မိုင်းခွဲတိုက်ခိုက်

“တန့်ဆည်လမ်းဆုံကနေ စျေးဝယ်ပြီး စခန်းပြန်အလာမှာဖြစ်တယ်ပြောတယ်။ ပစ်ခံရပြီးတော့ ရဲစခန်းနားကနေ ထွေအုပ်ရုံးထိ မိန်းလမ်းမကြီးကို ပိတ်ထားလိုက်ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့လယ် မြို့တော်ခန်းမအနီးတွင် ယနေ့နံနက်ပိုင်းက စျေးဝယ်ပြန်လာသည့် ရဲလေးဦး မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၁၇ရက်) နံနက် ၇နာရီ၄၅မိနစ်အချိန်က ဆိုင်ကယ်နှစ်စီးဖြင့် စျေးဝယ်ပြန်လာသော စစ်​ကောင်စီလက်ပါး​စေ ရဲလေးဦးအား တန့်ဆည်မြို့တော်ခန်းမအနီး စာကြည့်တိုက်နားအရောက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိသွားပြီး အသေ အပျောက်မသိရသေးကြောင်း တန့်ဆည်အခြေစိုက် Phoenix Defence Force – Taze (တန့်ဆည်ဖီးနစ်) အဖွဲ့က သတင်းထုတ်ပြန်သည်။

“တန့်ဆည်လမ်းဆုံကနေ စျေးဝယ်ပြီး စခန်းပြန်အလာမှာဖြစ်တယ်ပြောတယ်။ ပစ်ခံရပြီးတော့ ရဲစခန်းနားကနေ ထွေအုပ်ရုံးထိ မိန်းလမ်းမကြီးကို ပိတ်ထားလိုက်ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း အကြမ်း ဖက်စစ်အာဏာရှင်အား ခုခံတော်လှန်မှုအားကောင်းသည့်မြို့နယ်များတွင်ပါဝင်ပြီး ပြောက်ကျားတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

သတင်း

ပထမတစ်ကြိမ် လေကြောင်းပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်မှုမရှိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

"ကန့်ဘလူကနေ တန့်ဆည်အထိ ရဟတ်ယာဉ်နဲ့လာတယ်။ တန့်ဆည်ကနေ ကံထူးမအထိ ၁၂ မိုင်ကို ခြေလျင်လာတာဒီကောင်တွေ တစ်ရက်ကျော်ကြာပြီ မရောက်သေးတာ" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Facebook