စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်တန့်ဆည်မြို့တွင်အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှစ်ဦး ယနေ့ပစ်သတ်ခံရပြီး ရဲကားရောက်လာချိန်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(စက်တင်ဘာလ ၄ ရက်) ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်က တန့်ဆည်မြို့၊လမ်းဆုံ ဈေးသစ်အနောက်နား၌ ကိုယ်ပိုင်အမှတ် လ ၂၆၂၁၂၈၊ ရဲတပ်ကြပ် မျိုးထက်ဦး နှင့် အခြားရဲတစ်ဦးအား ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Taze People Comrades- TPC တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ကလည်း သတင်းထုတ်ပြန် သည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသောရဲနှစ်ဦး မှာ သေဆုံးသွားပြီး ၊ဗုံးကွဲမှုကြောင့် ရဲကားထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ဗုံးကွဲသည်ကိုတစ်မြို့လုံးက ကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
“သေသွားတဲ့ ရဲက နှစ်ယောက်ပါ။ နယ်ထိန်းရဲနဲ့ရိုးရိုးရဲ နှစ်ယောက်တဲ့။ ခြောက်ချက် ခုနှစ်ချက်လောက် ပစ်သွားတယ်”ဟု တန့်ဆည်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
တန့်ဆည်ဒေသသည် စစ်အဏာသိမ်းမှု ဆန့်ကျင်ကြောင်း ၊စစ်အာဏာရှင်ပြုတ်ရရေး ဆန္ဒပြပွဲများကို ပြည်သူသောင်းချီပါဝင်၍ တက်ကြွစွာဆန္ဒပြခဲ့သောမြို့ ဖြစ်သည်။
(တန့်ဆည်မြို့လယ် တစ်နေရာကိုဘတွေ့ရစဥ်၊ဓာတ်ပုံ – CJ)


















































