Connect with us

Hi, what are you looking for?

News

တန့်ဆည်PDFက ပြည်သူများသတိပြုရန် အချက်များထုတ်ပြန်

တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်များသည် နေ့စဥ် ရွေ့လျားစစ်ဆေးနေပြီး အထူးသဖြင့် လူငယ်များအား ပိုမိုစစ်ဆေးနေကြောင်း၊ ကားအတွင်း၊ ဆိုင်ကယ်တူးဘောက်စ်အတွင်းနှင့် ဖုန်းများပါမကျန် တင်းကျပ်စွာ စစ်ဆေးနေသည်ဟု တန့်ဆည် ဒေသခံများက ​ပြောသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်များသည် ပြည်သူ့ယာဥ်များအား အသုံးပြုကာ အကြမ်းဖက်နေသောကြောင့် ပြည်သူများသတိပြုရမည့်အချက်များအား တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်( Taze People Defence Force )က အသိပေးကြေညာထားသည်။

(တန့်ဆည်မြို့နယ်ရှိကျေးရွာတစ်ရွာတွင် ယမန်နေ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြစဥ်။ ဓာတ်ပုံ – CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူတို့ထံမှ သိမ်းဆည်းထားသော အိမ်စီးကားများ၊ ကုန်တင်ကားများ၊ ဆိုင်ကယ်များကို အသုံးပြု၍ မြို့နယ်အတွင်း မြို့ ရွာများသို့ သွားလာခြင်း၊ အကြမ်းဖက် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ပိုမိုလုပ် ဆောင်လာကြောင်း၊ ပြည်သူနှင့် အကြမ်းဖက်စစ်ကောင်စီတပ် ခွဲခြားသိရန် လိုအပ်လာကြောင်း၊ ပြည်သူများထိခိုက်မည်ကို စိုးရိမ်ပါသဖြင့် ပြည်သူများအနေဖြင့် ညနေ ၆ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ရေဦး-တန့်ဆည်-ကလေးဝလမ်း၊ ရေဦး-တမာတော-ကံထူးမလမ်းတို့၌ ခရီးသွားလာခြင်းမပြုရန်၊ ရပ်ရွာအတွင်း သွားလာရာ၌ ကားကိုမှန်ချ မောင်းနှင်ကြရန်၊ စစ်ကောင်စီယာဥ်တန်းနှင့် ကပ်လျက်လိုက်ပါခြင်းမပြုရန် တန့်ဆည်PDFက ယနေ့ (စက်တင်ဘာ ၂၇ ရက်)တွင် သိပေးကြေညာထားသည်။

တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်များသည် နေ့စဥ် ရွေ့လျားစစ်ဆေးနေပြီး အထူးသဖြင့် လူငယ်များအား ပိုမိုစစ်ဆေးနေကြောင်း၊ ကားအတွင်း၊ ဆိုင်ကယ်တူးဘောက်စ်အတွင်းနှင့် ဖုန်းများပါမကျန် တင်းကျပ်စွာ စစ်ဆေးနေသည်ဟု တန့်ဆည် ဒေသခံများက ​ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်များတွင် စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ်ရှိ ကျီကုန်းရွာကို နှစ်ကြိမ်တိုင်ဝင်ရောက်ကာ မီးရှိူ့ဖျက်ဆီးခဲ့ပြီး အိမ် ၁၅လုံးထက်မနည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။