Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ F-16 တိုက်လေယာဉ် လူနေအိမ်တွေကြား ပျက်ကျ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

ဓာတ်ပုံ - 9&10 News

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က မစ်ချီဂန်မှာရှိတဲ့ ဂရန်းထရာဗက်စ် ခရိုင်မှာ အမေရိကန် လေတပ်ရဲ့ အပေါ့စား တိုက်လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ လေထီးနဲ့ အချိန်မီ ခုန်ထွက်နိုင်ခဲ့တယ်လို့ မစ်ချီဂန် ပြည်နယ် ရဲတပ်ဖွဲ့က ကြေညာပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် တခြားတိုက်လေယာဉ် တစ်စီးရဲ့ လေသူရဲက ရဲတပ်ဖွဲ့ဆီ သတင်းပေးပို့ချိန်မှာတော့ ငှက်နဲ့တိုက်မိတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

ဗီဒီယိုတွေထဲမှာတော့ ထရာဗက်စ်စီးတီးမြို့ တောင်ဖက် ကျေးလက်ဒေသက လူနေအိမ်တွေနား မြက်ခင်းမှာ လေယာဉ်ပျက်က မီးလောင်နေပြီး မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပေါ်မှာ လေယာဉ်မှူး တစ်ဦးတည်းသာ စီးနင်းလိုက်ပါခဲ့ပြီး အချိန်မီ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့သလို မြေပြင်ပေါ် ရှိနေသူတွေလည်း ထိခိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။

လေယာဉ်မှူးကို ဒေသတွင်း ဆေးရုံတစ်ခုဆီကို ပို့ဆောင်ထားပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ တက်ဆက်စ်ပြည်နယ် အမျိုးသား အစောင့်တပ် လေတပ်ရဲ့ တိုက်လေယာဉ်ဟာ တခြား F-16 တချို့နဲ့အတူ မစ်ချီဂန်မှာရှိတဲ့ အယ်လ်ပီနာ အမျိုးသား အစောင့်တပ် လေတပ်စခန်းကနေ ပျံတက်လာပြီး လေ့ကျင့်ပျံသန်းနေရင်း ပျက်ကျခဲ့တာပါ။

လေယာဉ်ပျက်ကျပြီးတဲ့နောက် မီးလောင်တဲ့ နေရာကနေ အန္တရာယ် ရှိလောက်တဲ့ ဓာတုအခိုးအငွေ့တွေ ထွက်ပေါ်လာနိုင်တဲ့အတွက် အနီးတဝိုက် တစ်မိုင်အတွင်း နေထိုင်သူ အားလုံးကိုလည်း ယာယီ ရွှေ့ပြောင်းစေခဲ့ရပါတယ်။

အမေရိကန်မှာ အရပ်ဖက် လေယာဉ်တွေ ပျက်ကျရင် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဗျူရို (NTSB)က တာဝန်ယူ စစ်ဆေးလေ့ ရှိပေမယ့် စစ်လေယာဉ်တွေ ပျက်ကျမှုကိုတော့ စစ်တပ်ကပဲ ကိုင်တွယ်စုံစမ်းပါတယ်။

လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ တခြားလေယာဉ်မှူး သတင်းပို့သလို ငှက်နဲ့ တိုက်မိတာ ဆိုရင်တော့ ဖြစ်တောင့်ဖြစ်ခဲ မဟုတ်တဲ့ အကြောင်းရင်း တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ အမေရိကန်မှာ နှစ်စဉ် ထောင်နဲ့ချီတဲ့ လေယာဉ်တွေဟာ ငှက်တွေ၊ တခြားတိရစ္ဆာန်တွေနဲ့ တိုက်မိမှုတွေ ကြုံရလေ့ ရှိပါတယ်။ ၂၀၂၅ ခုနှစ်တုန်းက မစ်ချီဂန်ပြည်နယ်ရဲ့ ထရာဗက်စ်စီးတီးနဲ့ အနီးတဝိုက်မှာတင် အဲဒီလို ကိစ္စမျိုး ၄၁ ကြိမ် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။