Connect with us

Hi, what are you looking for?

LuduNwayOo

News

တန့်ဆည်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦးသေ ခြောက်ဦးဒဏ်ရာရဟု TPC အဖွဲ့ထုတ်ပြန်

“မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ခွေး ၂ ကောင်ကိုငရဲပို့ဆောင်နိုင်ခဲ့ပြီး၊ ၆ ကောင်ဒဏ်ရာရ၊ ၁ ကောင်မှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း သတင်းအတည်ပြုရရှိပါသည်”ဟု TPC အဖွဲ့က ဆိုသည်။

တန့်ဆည်တွင် ယမန်နေ့(ဒီဇင်ဘာ ၁၃)ည ၇နာရီခန့်က စစ်ကောင်စီတပ်များမောင်းနှင်လာသည့် ယာဥ်တန်းကို ဆွဲမိုင်းဖြင့်တိုင်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း Taze People Comrades – TPC က ယနေ့ အတည်ပြုထုတ်ပြန်သည်။

ဓာတ်ပုံ – TPC

ယမန်နေ့ည ၇ နာရီခန့်တွင် တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာဘက်မှ ပြန်လာသော စစ်ကောင်စီတပ်များမောင်းနှင့်သည့် အာရာဖတ်ကားတစ်စီးနှင့် ဆိုင်ကယ်ငါးစီးတို့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ခွေး ၂ ကောင်ကိုငရဲပို့ဆောင်နိုင်ခဲ့ပြီး၊ ၆ ကောင်ဒဏ်ရာရ၊ ၁ ကောင်မှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း သတင်းအတည်ပြုရရှိပါသည်”ဟု TPC အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုကို မှန်ကြိုင်၊ မှန်ရင်းမူးဘောင်အနီး လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး တန့်တည်ပြည်သူ့ရဲဘော်အဖွဲ့ (TCP)နှင့် Civil Armed Force – CAF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။