Connect with us

Hi, what are you looking for?

News

တန့်ဆည်တွင် စစ်ကောင်စီတပ်စွဲရာ​ကျောင်းမိုင်းခွဲတိုက်ခိုက်ခံရပြီးအနည်းဆုံးလေးဦးသေဆုံး

စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ ရှိသည်ကို ဒေသခံလူမှုရေးအဖွဲ့အချို့ကလည်းအတည်ပြုသည်။အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ကျွန်းလှနှင့် တန့်ဆည်ကို ထိုးစစ်ဆင်ရေး အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။

တန့်ဆည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့်နေရာအား ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ယနေ့ နံနက် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အနည်းဆုံးလေးဦး သေဆုံးခဲ့သည်ဟု Area–21 Revolution Networkက သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာလ၁ရက်နေ့) နံနက် ၇နာရီ ၅၇မိနစ်တွင် တန့်ဆည်မြို့ အ.ထ.က (၁) ကျောင်းအတွင်း တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား MDF Taze Tiger အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ လတ်တလောတွင် စစ်ခွေး (၄) ကောင် သေဆုံးခဲ့ပြီး၊ ကျောင်းဝင်းအတွင်း လူနာတင်ကားများ ရှုပ်နေသဖြင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း Area – 21 Revolution Networkက ထုတ်ပြန်ထားသည်။

MDF Taze Tiger အဖွဲ့သည် တန့်ဆည်ဒေသတစ်တွင်စစ်​ကောင်စီတပ်များကိုခုခံ​တော်လှန်​နေသော တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Area – 21 Revolution Network ၏ အဖွဲ့ဝင် ညီနောင် မဟာမိတ် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်ဟု ဟု​ဖော်ပြထားသည်။Area –21 Revolution Network သည် တန့်ဆည်မြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ပြည်သူတော်လှန်ရေးသတင်းများ ထုတ်လွှင့်ပေးနေပြီး အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်နေသည့် ပြည်သူ့ကွာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ ရှိသည်ကို ဒေသခံလူမှုရေးအဖွဲ့အချို့ကလည်းအတည်ပြုသည်။အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ကျွန်းလှနှင့် တန့်ဆည်ကို ထိုးစစ်ဆင်ရေး အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။