Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်စစ်ကြောင်းကို ပေါင် ၅၀၀ ဗုံး မိုင်းပြန်ဆင်ပြီးဖောက်ခွဲတိုက်ခိုက်ဟု PDF ထုတ်ပြန်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် – ၆ တပ်ရင်း – Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

Screenshot

စက်တင်ဘာ -၁၈၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် – ၆ တပ်ရင်း – Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၈ရက်)မနက်ပိုင်းက မြိုင်မြို့နယ်၊ တဲကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က Well 1 ရေနံမှော်ဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ဗုံးဟာ မြိုင်မြို့နယ်မှာ စစ်တပ်က လေယာဉ်နဲ့ ကြဲချခဲ့စဉ်က မပေါက်ကွဲဘဲကျန်ခဲ့တဲ့ ပေါင် ၅၀၀ ဗုံးလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ကြောင်းက ၃၀ နဲ့ ၅၀ကြားတော့ ရှိလိမ့်မယ်။ရှေ့ပြေးအဖွဲ့ ‌ထိတာ။ သေဆုံးထိခိုက်‌တာတွေတော့များလိမ့်မယ်။ စာရင်းအတိအကျတော့ သေချာမပြောနိုင်သေးဘူး”လို့ ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင်မြို့နယ်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အခု တိုက်ခိုက်မှုက ‘အညာတမာ”စစ်ဆင်ရေးမှာပါ၀င်‌နေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ကြိုးစားမှု ဖြစ်ပြီး ထိတွေ့မှုတွေလည်း မကြာခဏ ရှိတယ်လို့ ‌မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“သူတို့(စစ်တပ်စစ်ကြောင်း) အတော်အထိနာနေပါတယ်။ စစ်ရေးအခြေအနေကတော့ ပြောမရသေးဘူး”လို့ သူက ပြောပါတယ်။

တစ်ရက်ကို ရေနံစည် ထောင်ဂဏန်း၀န်းကျင်ထွက်တဲ့ Well-1 နဲ့ Well-2 ရေနံမှော်တွေထဲက လုပ်ကွက်တွေနဲ့အနီးဆုံး တဲကြီးကျေးရွာမှာ ၁လနီးပါးကြာအထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ရေနံတွင်းလုပ်ကွက်တွေကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ မီးရှို့တာ တွေ မကြာခဏ လုပ်နေပါတယ်။

“စစ်ကြောင်းကတော့ ရေနံမြေကို မရ မက ဖျက်မယ်လို့ ထင်တယ် ။အခုလည်းသူတို့(စစ်ကြောင်း) အတော်အထိနာနေပါတယ်”လို့ မြိုင်မြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောထားပါတယ်။

Well-1 နဲ့ Well-2 ရေနံမြေကို ခေတ်အဆက်ဆက် အစိုးရက ထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်တွေဆက်လည်ပတ်နေတာဖြစ်ပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

Well-1 နဲ့ Well-2 ရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လက တည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေအတွင်းမှာလည်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။

စစ်တပ် စစ်ကြောင်းဟာ ၃လအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀၀ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀နီးပါးကို စစ်တပ်က သတ်ဖြတ်ထားပါတယ်။

ဒါ့အပြင် လက်ရှိ စစ်တပ်တပ်စွဲထားတဲ့ တဲကြီးကျေးရွာအပါအ၀င် ရေနံမြေ၀န်းကျင် မြိုင်မြို့နယ် အနောက်ခြမ်းကျေးရွာ‌တွေက ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့စစ်တမ်းအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ