Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးကျော်စစ် အဖွင့်နေ့မှာ ရုရှား မျှော်မှန်းထားသလောက် ခရီးမပေါက်ခဲ့ဘူးလို့ ဗြိတိန် စစ်ထောက်လှမ်းရေးပြော

စစ်မြေပြင် သတင်းတွေက ရှုပ်ထွေးနေဆဲ ဖြစ်ပေမယ့် နျူကလီးယား ကပ်ဘေး သင့်ခဲ့ဖူးရာ နယ်မြေဖြစ်တဲ့ ချာနိုဘိုင်းလ်ဟာ အခုအခါ ရုရှားတပ်တွေလက်ထဲ ကျရောက်သွားပြီလို့ ယုံကြည်ရပါတယ်။

ယူကရိန်း နိုင်ငံကို ရုရှား ဆင်နွှဲခဲ့တဲ့ ကျူးကျော်စစ်ဟာ အဖွင့်နေ့မှာ မျှော်မှန်းထားသလောက် ခရီးမရောက်ခဲ့ဘူးလို့ ဗြိတိန် စစ်ထောက်လှမ်းရေးက သုံးသပ်ခဲ့ပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းနိုင်ငံရဲ့ အရပ်မျက်နှာ ပေါင်းစုံကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်း တောင်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်၊ မြောက်ပိုင်းက ဘီလားရုစ်နိုင်ငံ၊ အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေတွေကနေ တပြိုင်တည်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်မြေပြင် သတင်းတွေက ရှုပ်ထွေးနေဆဲ ဖြစ်ပေမယ့် နျူကလီးယား ကပ်ဘေး သင့်ခဲ့ဖူးရာ နယ်မြေဖြစ်တဲ့ ချာနိုဘိုင်းလ်ဟာ အခုအခါ ရုရှားတပ်တွေလက်ထဲ ကျရောက်သွားပြီလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ရုရှားဟာ မဟာဗျူဟာ ရည်မှန်းချက်တွေအရ စစ်ပွဲ အဖွင့်နေ့မှာ ထင်သလောက် ခရီး မရောက်ခဲ့ဘူးလို့ ယူဆကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ချာနီဟစ်ဗ်မြို့ကို ဦးတည် ချီတက်လာတဲ့ ရုရှားတပ်တွေကိုလည်း ယူကရိန်း ခံစစ်က ကြားဖြတ် ဟန့်တားထားနိုင်ခဲ့ပါတယ်။ စစ်ပွဲ အဖွင့်နေ့မှာ ယူကရိန်းရော၊ ရုရှားဖက်မှာပါ စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပစ်ချခံရတဲ့ သတင်းတွေ အတည်ပြု ရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ကမ္ဘာပေါ်မှာ စစ်အင်အား အကြီးဆုံး စာရင်းဝင် နိုင်ငံတစ်ခု ဖြစ်ပေမယ့်လည်း ယူကရိန်း စစ်သည်တွေဟာ အစွမ်းကုန် ရွပ်ရွပ်ချွံချွံ ခုခံနေကြဆဲလို့လည်း သိရပါတယ်။ လောလောဆယ်တော့ ယူကရိန်း သံတမန်တွေက NATO မဟာမိတ် အဖွဲ့ကို ထဲထဲဝင်ဝင် အကူအညီ ပေးကြဖို့ တောင်းဆိုနေပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနဲ့ တခြား ဒီမိုကရေစီ ထွန်းကားရာ နိုင်ငံတွေက ရုရှားကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့တာတွေ၊ သံတမန်တွေကို နှင်ထုတ်တာတွေနဲ့ တုံ့ပြန် အရေးယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။