Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ် မပေးတဲ့ ဆုံးဖြတ်ချက်အပေါ် NATO ကာကွယ်

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့အတွက် NATO အနေနဲ့ NFZ သတ်မှတ်ပြီး ကြားဝင် ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် NATOက ပယ်ချခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဘန်ဝေါလေ့စ်က NATOရဲ့ ရပ်တည်ချက်အပေါ် ကာကွယ် ပြောဆိုသွားခဲ့တာပါ။

ယူကရိန်းမှာ လေယာဉ် မပျံသန်းရဇုန် (NFZ) သတ်မှတ်ပေးလိုက်မယ်ဆိုရင် ယူကရိန်းအတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများလိမ့်မယ်လို့ NATO မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့အတွက် NATO အနေနဲ့ NFZ သတ်မှတ်ပြီး ကြားဝင် ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် NATOက ပယ်ချခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဘန်ဝေါလေ့စ်က NATOရဲ့ ရပ်တည်ချက်အပေါ် ကာကွယ် ပြောဆိုသွားခဲ့တာပါ။

လက်ရှိ အခြေအနေမှာ ရုရှားစစ်တပ်ဟာ ယူကရိန်း လေတပ်နဲ့ လေကြောင်းကာကွယ်ရေး တပ်တွေကို ဖျက်ဆီးနိုင်စွမ်း မရှိသေးတဲ့အတွက် NFZကို အရေးတကြီး သတ်မှတ်စရာ မလိုသေးကြောင်း ဝေါလေ့စ်က ဆိုပါတယ်။ တကယ်လို့ NFZ သတ်မှတ်လိုက်မယ်ဆိုရင် ယူကရိန်း ကောင်းကင်ယံမှာ ရုရှား တိုက်လေယာဉ်တွေနဲ့ NATO မဟာမိတ် နိုင်ငံတွေရဲ့ လေတပ်တွေပါ ထိပ်တိုက် ရင်ဆိုင်တွေ့တာတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းကို ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့နေတာတွေပါ အဟန့်အတား ကြုံလာနိုင်တယ်လို့ ဝေါလေ့စ်က သတိပေးခဲ့ပါတယ်။

NFZ သတ်မှတ်လိုက်တဲ့အခါ ရုရှားလေတပ်သာ မကဘဲ ယူကရိန်း လေတပ်လည်း လှုပ်ရှားလို့ ရတော့မှာ မဟုတ်ကြောင်း၊ လောလောဆယ် အခြေအနေအရ ယူကရိန်း တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေဟာ ရုရှားစစ်တပ်တွေကို အဝေးကနေ ထိထိရောက်ရောက် ထိုးနှက်နိုင်တဲ့ ရှားရှားပါးပါး ရွေးချယ်စရာ လက်နက်တွေ ဖြစ်နေကြောင်း ဝေါလေ့စ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းကတော့ ယူကရိန်း သမ္မတ ဇီလန်စကီးဟာ NFZ သတ်မှတ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ NATO အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ NATOက NFZ သတ်မှတ်ရေးကို ငြင်းဆန်လိုက်ချိန်ကစလို့ နောက်ထပ် ဆုံးရှုံးမယ့် အသက်တိုင်းဟာ NATOရဲ့ အားနည်းချက်ကြောင့်၊ သွေးကွဲမှုတွေကြောင့် ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက နာနာကြည်းကြည်း ပြစ်တင်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။