Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄၀၀၀ ကျော်လောက် အဖမ်းခံထားရ

ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေရော၊ ရုရှား အာဏာပိုင်တွေကပါ အတည်ပြုခဲ့ပါတယ်။ မော်စကိုမြို့တော်မှာတင် ဖမ်းဆီး ထိန်းသိမ်း ခံရသူ ၁၇၀၀ လောက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံ တနံတလျားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ အယောက် ၄၀၀၀ ဝန်းကျင်လောက် ဖမ်းဆီး ထိန်းသိမ်း ခံထားရကြောင်း သိရပါတယ်။

ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေရော၊ ရုရှား အာဏာပိုင်တွေကပါ အတည်ပြုခဲ့ပါတယ်။ မော်စကိုမြို့တော်မှာတင် ဖမ်းဆီး ထိန်းသိမ်း ခံရသူ ၁၇၀၀ လောက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ရုရှားရဲ့ မြို့ကြီး ၅၃ ခုမှာ ဆန္ဒပြသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေ ရရှိထားကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၁ ရက်အတွင်း အဖမ်းခံရသူ ၁ သောင်းကျော်ထိ များပြားနိုင်ပြီး အဲဒီထဲက တော်တော်များများ ပြန်လွတ်သွားပေမယ့် ၄၀၀၀ ဝန်းကျင်လောက် ဆက်လက် ထိန်းသိမ်း ခံထားရဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့တစ်ခုဖြစ်တဲ့ OVD-Infoက ဆိုပါတယ်။

ရုရှားမှာ ယူကရိန်း ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့ သတင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေလည်း အတော်ကြီး ကျပ်ကျပ်တည်းတည်း တည်းဖြတ် ခံနေရပါတယ်။ အရင်က ရုရှားရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သိပ်ပြီး ဝင်မပါတတ်တဲ့ ဆိုက်ဘေးရီးယားလို နေရာတွေမှာတောင် ဆန္ဒပြသူတွေ အမြောက်အမြား အဖမ်းခံနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားမှာသာ မကဘဲ ယူကရိန်း တောင်ပိုင်းက ရုရှားစစ်တပ် ထိန်းချုပ်ထားရာ နိုဗာ ခါဟော့ဗ်ခါ မြို့ထဲမှာလည်း ဆန္ဒပြသူတွေ လူစုလူဝေး များပြားလာတဲ့နောက် ရုရှားစစ်သားတွေက သေနတ်တွေ ပစ်ဖောက်ပြီး လူစုခွဲစေခဲ့ပါတယ်။ အဲဒီနေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုထဲမှာတော့ သေနတ်သံတွေ၊ အသံဗုံး ဖောက်ခွဲသံတွေ ဆူညံနေချိန်မှာ ဆန္ဒပြသူတွေက ရုရှားစစ်သားတွေကို ယူကရိန်းက ပြန်ထွက်သွားဖို့ အော်ဟစ် နှင်ထုတ်နေတာတွေ ကြားနေရပါတယ်။

ဆန္ဒပြပွဲတွေကို ရုရှားတပ်တွေက ဖြိုခွင်းမှုကြောင့် ယူကရိန်း နိုင်ငံသား ၅ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြောင်းလည်း မီဒီယာတွေက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။