Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄၀၀၀ ကျော်လောက် အဖမ်းခံထားရ

ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေရော၊ ရုရှား အာဏာပိုင်တွေကပါ အတည်ပြုခဲ့ပါတယ်။ မော်စကိုမြို့တော်မှာတင် ဖမ်းဆီး ထိန်းသိမ်း ခံရသူ ၁၇၀၀ လောက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံ တနံတလျားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ အယောက် ၄၀၀၀ ဝန်းကျင်လောက် ဖမ်းဆီး ထိန်းသိမ်း ခံထားရကြောင်း သိရပါတယ်။

ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေရော၊ ရုရှား အာဏာပိုင်တွေကပါ အတည်ပြုခဲ့ပါတယ်။ မော်စကိုမြို့တော်မှာတင် ဖမ်းဆီး ထိန်းသိမ်း ခံရသူ ၁၇၀၀ လောက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ရုရှားရဲ့ မြို့ကြီး ၅၃ ခုမှာ ဆန္ဒပြသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေ ရရှိထားကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၁ ရက်အတွင်း အဖမ်းခံရသူ ၁ သောင်းကျော်ထိ များပြားနိုင်ပြီး အဲဒီထဲက တော်တော်များများ ပြန်လွတ်သွားပေမယ့် ၄၀၀၀ ဝန်းကျင်လောက် ဆက်လက် ထိန်းသိမ်း ခံထားရဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့တစ်ခုဖြစ်တဲ့ OVD-Infoက ဆိုပါတယ်။

ရုရှားမှာ ယူကရိန်း ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့ သတင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေလည်း အတော်ကြီး ကျပ်ကျပ်တည်းတည်း တည်းဖြတ် ခံနေရပါတယ်။ အရင်က ရုရှားရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သိပ်ပြီး ဝင်မပါတတ်တဲ့ ဆိုက်ဘေးရီးယားလို နေရာတွေမှာတောင် ဆန္ဒပြသူတွေ အမြောက်အမြား အဖမ်းခံနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားမှာသာ မကဘဲ ယူကရိန်း တောင်ပိုင်းက ရုရှားစစ်တပ် ထိန်းချုပ်ထားရာ နိုဗာ ခါဟော့ဗ်ခါ မြို့ထဲမှာလည်း ဆန္ဒပြသူတွေ လူစုလူဝေး များပြားလာတဲ့နောက် ရုရှားစစ်သားတွေက သေနတ်တွေ ပစ်ဖောက်ပြီး လူစုခွဲစေခဲ့ပါတယ်။ အဲဒီနေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုထဲမှာတော့ သေနတ်သံတွေ၊ အသံဗုံး ဖောက်ခွဲသံတွေ ဆူညံနေချိန်မှာ ဆန္ဒပြသူတွေက ရုရှားစစ်သားတွေကို ယူကရိန်းက ပြန်ထွက်သွားဖို့ အော်ဟစ် နှင်ထုတ်နေတာတွေ ကြားနေရပါတယ်။

ဆန္ဒပြပွဲတွေကို ရုရှားတပ်တွေက ဖြိုခွင်းမှုကြောင့် ယူကရိန်း နိုင်ငံသား ၅ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြောင်းလည်း မီဒီယာတွေက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

သတင်း

မြန်မာ စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားတာမှ ပြီးခဲ့တဲ့ဒီဇင်ဘာ လမှာ ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ် ၄၀ လောက် ကြာမြင့်ခဲ့တဲ့နောက် ယူကရိန်း ပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဓာတ်ငွေ့တွေ ဖြတ်သန်းသယ်ယူခွင့် အငြင်းအခုံကို အကြောင်းပြုပြီး ဆလိုဗက်ကီးယားနဲ့ ယူကရိန်းကြားက သဘောထား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။