Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘုန်းတော်ကြီးက ဘတ်သန်း ၃၀၀ ကျော် အလွဲသုံးစားထားကြောင်း စွပ်စွဲမှုတွေကို စုံစမ်းဖို့ ထိုင်းအစိုးရ ညွှန်ကြား

လူသိများတဲ့ ဘုန်းတော်ကြီး တစ်ပါးနဲ့ နောက်လိုက် သာဝကတွေကို ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။

Bangkok Post

လူသိများတဲ့ ဘုန်းတော်ကြီး တစ်ပါးနဲ့ နောက်လိုက် သာဝကတွေကို ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။

ဝန်ကြီးချုပ် ရုံးရဲ့ အမိန့်ဟာ ဝတ်ရိုင်ခင် ကျောင်းထိုင်ဟောင်း ယေအမ် အင်ထရန်ခရွန်ကောင်နဲ့ တပည့် သာဝကတွေက ဗုဒ္ဓဘာသာ ဘုရားကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေတွေကို အလွဲသုံးစား ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကြုံရအပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဝတ်ရိုင်ခင်ဟာ နက်ခွန်ပက်သွမ်မှာ တည်ရှိပြီး ထင်ရှားတဲ့ ဘုရားကျောင်း တစ်ခုဖြစ်ပါတယ်။

အရင်က ဖရာ ဒါမာ ဝတ်ချိုင်ရာနူဝတ်ဆိုတဲ့ ဘွဲ့နာမည်နဲ့ လူသိများတဲ့ ဘုန်းတော်ကြီးဟာ မေလ ၁၅ ရက်နေ့တုန်းက ဘန်ကောက်မြို့တော်မှာရှိတဲ့ ဗဟို စုံစမ်းစစ်ဆေးရေး ဗျူရို (CIB) ရုံးချုပ်မှာ စုံထောက် အရာရှိတွေဆီ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဘုန်းတော်ကြီး ယေအမ်ဟာ ဘုရားကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေတွေထဲက ဘတ်သန်း ၃၀၀ ကျော်ကို သူ့ကိုယ်ပိုင် ဘဏ်အကောင့်တွေထဲ လွှဲပြောင်းခဲ့ပြီး အွန်လိုင်း လောင်းကစား ကိစ္စတွေမှာ သုံးဖြုန်းပစ်ခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီး ချူဆက်ခ် ဆီရီနဲလ်က ဘုရားကျောင်း ပိုင်ဆိုင်မှု စာရင်းတွေကို စုံစမ်းစစ်ဆေးမယ့် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ညွှန်ကြားထားပါတယ်။ အဲဒီ ပိုင်ဆိုင်မှုတွေကို အများအားဖြင့် ကျောင်းထိုင် ဘုန်းတော်ကြီးနဲ့ ဂေါပက အဖွဲ့က ချုပ်ကိုင်ထားလေ့ ရှိပါတယ်။

ခုလို အငြင်းပွားစရာတွေ ဖြစ်လာတဲ့ အခါမှာတော့ ဘုရားကျောင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးဖို့ လိုလာကြောင်း၊ ဘဏ္ဍာငွေ အလွှဲအပြောင်း ကိစ္စတွေကိုလည်း စစ်ဆေးသွားရမှာဖြစ်ကြောင်း ချူဆက်ခ်က ပြောပါတယ်။

နောက်ပြီး ခုပြဿနာဟာ နိုင်ငံအနှံ့က တခြားသော ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေနဲ့ရော ဆက်နွှယ်မှု ရှိသလား ဆိုတာကို စုံစမ်းဖို့ အမျိုးသား ဗုဒ္ဓဘာသာရုံးကို လွှဲပြောင်း တာဝန်ပေးထားကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ အစိုးရဟာ တိုက်ရိုက် ပါဝင်စွက်ဖက်ဖို့ ခက်ခဲပြီး သာသနာရေးဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း၊ အရေးယူမှုတွေနဲ့သာ တိုက်ရိုက် ကိုင်တွယ်ရမယ့် ပြဿနာမျိုးလို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဘုန်းတော်ကြီးတွေရဲ့ ဝိနည်း၊ ကျင့်ထုံးတွေအပေါ် ဝန်ကြီးဌာန အနေနဲ့ တိုက်ရိုက် ထိန်းကွပ် ကြပ်မတ်ပိုင်ခွင့် အာဏာ မရှိကြောင်း၊ အဲဒီအစား သံဃာ့ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း၊ သံဃာ့အရေး ကိစ္စတွေကို သာသနာပိုင် အဖွဲ့အစည်းတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားကြောင်း ချူဆက်ခ်က ပြောကြားသွားပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကျောင်းထိုင်ဟောင်းဟာ တခြား ဘုရားကျောင်းတွေဆီကနေလည်း ဘတ် သန်း ၂၀၀ လောက် ချေးငှားထားတယ်လို့ သိရပါတယ်။ ချူဆက်ခ်ကတော့ အဲဒီ သတင်းအချက်အလက်ကို လတ်တလော အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ အမျိုးသား ဗုဒ္ဓဘာသာရုံးဟာ နောက်ထပ် အချက်အလက် အသစ်တွေ စုဆောင်းရရှိပြီးရင်တော့ အဲဒီကိစ္စ ဟုတ်မဟုတ် အတည်ပြုပေးနိုင်လိမ့်မယ်လို့ ဝန်ကြီးက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။