Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး အသုံးစရိတ် အများအပြား တိုးမြှင့်ဖို့ ဗြိတိန် ကြိုးစားနေ

နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အလုံးအရင်း မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောပါတယ်။

ဓာတ်ပုံ - Getty

နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အလုံးအရင်း မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောပါတယ်။

ရှိရင်းစွဲ ကာကွယ်ရေး အသုံးစရိတ်ထက် စတာလင်ပေါင် ဘီလီယံတွေနဲ့ချီ တိုးမြှင့်နိုင်ရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်က အသေးစိတ်တော့ ကြေညာမထားပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်၊ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ မြူးနစ် လုံခြုံရေး ညီလာခံဆီ တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံ အများအပြားရဲ့ ခေါင်းဆောင်တွေ ရှေ့မှာတော့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက သူ့အစိုးရဟာ ကာကွယ်ရေး ဘတ်ဂျတ် တိုးမြှင့်ဖို့ကို အလေးအနက် စဉ်းစားနေကြောင်း အတည်ပြုသွားပါတယ်။

ပိုမိုကျယ်ပြန့်လာတဲ့ ခြိမ်းခြောက်မှု ပုံစံအသစ်တွေကို ကိုင်တွယ်နိုင်ဖို့ဆိုရင် ဗြိတိန်ဟာ ကာကွယ်ရေး အသုံးစရိတ်ကို မြန်မြန်ဆန်ဆန်နဲ့ ပမာဏများများ တိုးမြှင့်ရမယ်ဆိုတာ သိသာနေတယ်လို့ စတာမာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်တုန်းကတော့ စတာမာက ၂၀၂၇ ခုနှစ်ရောက်ရင် နိုင်ငံ GDP ပမာဏရဲ့ ၂.၅ ရာခိုင်နှုန်းထိ ကာကွယ်ရေးအတွက် သုံးစွဲမယ်လို့ ကတိပေးထားခဲ့ဖူးပါတယ်။ တပြိုင်တည်းမှာပဲ ဖြစ်နိုင်ရင် GDPရဲ့ ၃ ရာခိုင်နှုန်းထိ ကာကွယ်ရေး စရိတ် အသုံးပြုနိုင်မယ့် ရည်မှန်းချက် ကြီးမားတဲ့ အဆိုတစ်ရပ်ကို နောက်ထပ် လွှတ်တော်အသစ်မှာ တင်သွင်းနိုင်ဖို့လည်း ဝန်ကြီးချုပ်က ပြင်ဆင်နေပါတယ်။

သတင်းတွေ အရတော့ စတာမာရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တွေဟာ ၂၀၂၉ ထိ တည်ရှိမယ့် လက်ရှိလွှတ်တော် သက်တမ်း အတွင်းမှာတင် GDPရဲ့ ၃ ရာခိုင်နှုန်းထိ ကာကွယ်ရေးစရိတ် မြှင့်တင်နိုင်ရေးကိစ္စ အထမြောက်လာအောင် ကြိုးစားနေကြောင်း သိရပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ လာမယ့် ၄ နှစ်စာအတွက် ရှိရင်းစွဲ အသုံးစရိတ်နဲ့ဆိုရင် အသုံးစရိတ် စတာလင်ပေါင် ၂၈ ဘီလီယံလောက် ထပ်မံ လိုအပ်နိုင်ကြောင်း ထောက်ပြထားပါတယ်။ ဗြိတိန် စစ်တပ် အကြီးအကဲ ဆာရစ်ချတ် နိုက်တန်ကလည်း လက်ရှိ ဘတ်ဂျတ်နဲ့ဆိုရင် ဗြိတိန်ဟာ လုပ်ချင်စိတ်ရှိတဲ့ ကိစ္စတွေ အားလုံးကို လက်တွေ့ လုပ်နိုင်ဖို့ ခက်ခဲကြောင်း ဝန်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗြိတိန်ဟာ GDPရဲ့ ၂.၃ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အတွက် အသုံးပြုခဲ့ပြီး ငွေသားပမာဏ အရတော့ စတာလင်ပေါင် ၆၆ ဘီလီယံလောက်ထိ များပြားပါတယ်။ ဗြိတိန်ဟာ ၂၀၃၅ မှာ ကာကွယ်ရေး အသုံးစရိတ်ကို GDPရဲ့ ၃.၅ ရာခိုင်နှုန်းထိ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

မြူးနစ်မြို့က ညီလာခံမှာတော့ စတာမာက ရုရှားဆီက ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်နိုင်ဖို့ဆိုရင် ကာကွယ်ရေး အသုံးစရိတ် ထပ်တိုးဖို့က ခြွင်းချက်မရှိ လုပ်ကိုလုပ်ရမယ့် ကိစ္စလို့ ထပ်လောင်း သတိပေးသွားပါတယ်။ အမာထည်အင်အား၊ တစ်နည်းအားဖြင့် စစ်အင်အားကို ပိုမို ချဲ့ထွင် တည်ဆောက်ဖို့လိုကြောင်း၊ အဲဒီအင်အားဟာ မျက်မှောက်ခေတ်ရဲ့ ငွေကြေးယူနစ် ဖြစ်လာနေကြောင်း၊ ကာကွယ်ရေးနဲ့ ပတ်သက်ရင် ငွေပိုသုံးဖို့၊ ပိုဖြည့်တင်းဖို့၊ ပိုပြီးပူးပေါင်းဆောင်ရွက်ဖို့ အားလုံးကို လုပ်ရမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။