Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရုပ်နဲ့ ဖုန်းလုရင်း ၁၃ နှစ်အရွယ် ထိုင်းမိန်းကလေးက ညီမဖြစ်သူကို သတ်ဖြတ်

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

မေလ ၃၀ ရက်နေ့က ကန်ချနာဘူရီမှာရှိတဲ့ ဆန်ခလာဘူရီ ခရိုင်ထဲက ကျေးရွာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို ဩဂုတ် ၈ ရက်နေ့ကျမှ ခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ အသက် ၇ နှစ်အရွယ် နွန်အက်ဂ်နွန်းဟာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ၃ ရက် အကြာမှာတော့ မီတာ ၆၀၀ လောက် ဝေးတဲ့ နေရာက ရာဘာစိုက်ခင်းထဲမှာ ကလေးမလေးရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာတွေ မတွေ့ခဲ့ရသလို ရုန်းကန်ထားတဲ့ အထောက်အထားမျိုးလည်း မတွေ့ခဲ့ပါဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံထားရတဲ့ လက္ခဏာလည်း မရှိခဲ့ပါဘူး။ ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ အခါမှာတော့ သေဆုံးမှု အကြောင်းရင်းဟာ အသက်ရှူစနစ်၊ သွေးလှည့်ပတ်မှု စနစ်တွေ ရပ်တန့် ပျက်စီးသွားခဲ့တာကြောင့်လို့ အဖြေထွက်လာပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃ ပါး အပါအဝင် သံသယရှိသူ ၄၀ ကျော်ကို စစ်ဆေးမေးမြန်းခဲ့သလို လူပေါင်း ၂၅ ဦးဆီက DNA နမူနာတွေကို ရယူခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့မှာတော့ နွန်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် မအေတူ ဖအေကွဲ အစ်မ ကန်ဒါနဲ့ ဦးလေးတော်စပ်သူ အသက် ၁၇ နှစ်အရွယ် ဖိန်ဆိုတဲ့ လူငယ်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ကြေညာခဲ့ပါတယ်။ ဖိန်ဟာ ကလေးနှစ်ဦးရဲ့ မိခင်ရဲ့ မောင်အငယ် ဖြစ်ပါတယ်။

ကန်ဒါနဲ့ ဖိန်တို့က အဲဒီနေ့က သူနဲ့ နွန်တို့ဟာ အတူကစားရင်း အရုပ်နဲ့ မိုဘိုင်းဖုန်းကို လုကြရာက ရန်ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်ဦးက ဓာတ်မြေဩဇာ အိတ်တစ်လုံးနဲ့ ကလေးမလေးရဲ့ ခေါင်းကို ဖိထားပြီး သူ့ကို လည်ပင်းညှစ်သလို ဟန်ဆောင် ခြောက်လှန့်ခဲ့ကြပါတယ်။ အိတ်ကို သူတို့တွေ ပြန်ဖယ်လိုက်တဲ့အခါ မိန်းကလေးက မလှုပ်တော့ဘဲ သေဆုံးနေပြီ ဖြစ်ပါတယ်။

ထိတ်ထိတ်ပြာပြာ ဖြစ်သွားတဲ့ ဆယ်ကျော်သက် နှစ်ယောက်ဟာ အရင်ဆုံး အလောင်းကို ဗီရိုတစ်ခုထဲ ထည့်ဝှက်ခဲ့ပါတယ်။ ညနေပိုင်းလောက်မှာတော့ သူတို့ဟာ သုံးဘီးတပ် တွန်းလှည်းကို သုံးပြီး အလောင်းကို ရာဘာ စိုက်ခင်းဆီ သယ်ဆောင်သွားရင်း ဝါးရုံတွေထဲမှာ စွန့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးကို ခရိုင်ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူငယ်ပြုပြင်ရေး စခန်းတစ်ခုမှာ ချုပ်နှောင်ထားပါတယ်။ အမှုကိုတော့ ဆက်လက် စစ်ဆေးနေဆဲပါ။ ရဲတွေကတော့ နွန်ဟာ ကန်ဒါရဲ့ လည်ပင်းညှစ်မှုကြောင့် သေဆုံးသွားတာလို့ ယုံကြည်နေပါတယ်။

မိန်းကလေး နှစ်ဦးရဲ့ မိခင်ကတော့ ညီအစ်မ နှစ်ယောက်ဟာ ဖုန်းလုရင်း ခဏခဏ ရန်ဖြစ်လေ့ ရှိခဲ့ကြောင်း ရဲတွေဆီကို ထွက်ဆိုခဲ့ပါတယ်။ လူသတ်မှု တရားခံတွေက ဘယ်သူလဲ ဆိုတာကို ရဲတွေက အသိပေးလိုက်ချိန်မှာ မိခင်ဖြစ်သူဟာ အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် အားပေးဖို့လည်း အာဏာပိုင်တွေက စီစဉ်ပေးထားရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။