Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီးမှာ ရဟတ်ယာဉ်နှစ်စီး လေထဲတိုက်မိပြီး ပျက်ကျ၊ ၆ ဦးသေဆုံး

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်နေ့က ရီယိုဒီဂျနေးရိုးမြို့တော်မှာ ရဟတ်ယာဉ်နှစ်စီး တိုက်မိပြီးတဲ့နောက် လျှပ်စစ်ကား အရောင်းဆိုင် တစ်ခုရဲ့ ယာဉ်ရပ်နား ဧရိယာထဲကို ပျက်ကျခဲ့ကြပါတယ်။ အဲဒီနောက် ကားပါကင်ထဲမှာ မီးလောင်မှုတွေပါ ဖြစ်ပြီး ကားအစီး ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။

လျှပ်စစ်ကားတွေရဲ့ လစ်သီယမ် အိုင်ယွန် ဘက်ထရီတွေ မီးလောင်ရာက အဆိပ်အတောက် ဖြစ်စေတဲ့ အခိုးအငွေ့တွေ ထွက်ပေါ်လာတာကြောင့် မီးသတ် ဝန်ထမ်းတွေ အတွက်လည်း ပိုပြီး အခက်ကြုံခဲ့ရပါတယ်။

ရဲတွေက ဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေထဲမှာ အမေရိကန် အဆိုတော်နဲ့ သီချင်းရေးဆရာ အိုလီဗာ ထရီးလည်း ပါဝင်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်တွေ ပျက်ကျမှုကြောင့် မြေပြင်ပေါ်မှာတော့ အသေအပျောက် မရှိခဲ့ပါဘူး။ ရဟတ်ယာဉ် တစ်စီးဟာ ကားပါကင်ထဲ ပျက်ကျ မီးလောင်ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း၊ နောက်ထပ် ရဟတ်ယာဉ်ကတော့ အနီးမှာပဲ ပျက်ကျပြီး လေယာဉ်မှူး သေဆုံးသွားကြောင်း သိရပါတယ်။ ဒုတိယ ရဟတ်ယာဉ်မှာတော့ ခရီးသည်တွေ စီးနင်းမလာခဲ့ပါဘူး။

ရဟတ်ယာဉ် အပျက်အစီးတွေကိုတော့ မီတာပေါင်း ရာနဲ့ချီ ကျယ်ဝန်းတဲ့ နေရာတွေမှာ ပြန့်ကြဲနေတာ တွေ့ခဲ့ရပါတယ်။ စုံစမ်းရေး အရာရှိတွေကတော့ ရဟတ်ယာဉ်နှစ်စီး ဘာကြောင့် တိုက်မိခဲ့သလဲ ဆိုတာကို အတိအကျ မဆုံးဖြတ်ခင် အသေးစိတ် မှတ်တမ်းတွေကို ရှာဖွေ စစ်ဆေးနေကြောင်း ပြောပါတယ်။

ဘရာဇီးမှာတော့ လေထဲမှာ ရဟတ်ယာဉ်တွေ မတော်တဆ တိုက်မိတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း ကြုံဖူးပါတယ်။ ဘရာဇီး အရပ်ဖက် လေကြောင်း လုံခြုံရေး ဌာနရဲ့ အဆိုအရ အခုဖြစ်စဉ် မတိုင်ခင် ၂၀၂၆ ခုနှစ်ထဲမှာ လေယာဉ်တွေနဲ့ ပတ်သက်တဲ့ မတော်တဆမှု ၈၄ ခု ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: The Sun

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ ရဟတ်ယာဉ်တစ်စီး အာရေဗျ ပင်လယ်ထဲ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့နောက် အမှုထမ်း ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။