Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီကျင့်ဖျင်ရဲ့အိမ်ဖြူတော်ခရီးစဉ်အတွင်းနှစ်နိုင်ငံကြားကြီးကြီးမားမားသဘောတူညီမှုမရ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - AFP

စက်တင်ဘာ -၂၆ ၊၂၀၂၆

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေက ရှီနဲ့ ဇနီးသည် ပန်လိယွမ်တို့ကို လေဆိပ်မှာ လိုက်ပါ နှုတ်ဆက်ပြီး ဧည့်သည်တော် သမ္မတအတွက် သေနတ် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်ဆီ သုံးရက်ကြာ လာရောက်ခဲ့တဲ့ ရှီရဲ့ အလည် အပတ် ခရီးစဉ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တခမ်းတနား ကြိုဆိုခဲ့ပြီး ကမ္ဘာ့ထိပ်သီး စူပါပါဝါ နှစ်နိုင်ငံကြား အရေးပါတဲ့ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံမှုကနေ အထူးထင်ရှားအောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေတော့ ထွက်ပေါ်မလာခဲ့ကြောင်း နိုင်ငံတကာ အကဲခတ်တွေက ပြောပါတယ်။

ဥပမာ ထိုင်ဝမ်အရေးနဲ့ အီရန်စစ်ပွဲတို့လို ကိစ္စတွေမှာ နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်းလို့ မရခဲ့ပါဘူး။ ရှီက ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး လိုလားမှုတွေကို ဆန့်ကျင်ဖို့၊ ထိုင်ဝမ်ကိစ္စမှာ အမေရိကန်ရဲ့ ကိုင်တွယ်ပုံတွေကို သတိထားဖို့ တောင်းဆိုခဲ့ပါတယ်။

အီရန်စစ်ပွဲကိစ္စနဲ့ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်ရေးတို့မှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့် သဘောတူညီမှု တစ်ခုခု မရရှိခဲ့ပါဘူး။

နှစ်ဖက်ထုတ်ပြန်ချက်တွေအရအမေရိကန်နဲ့တရုတ်တို့ကြား ကုန်သွယ်ရေးဆိုင်ရာ အခွန်စည်းကြပ်မှုတွေ အပြိုင်အဆိုင် မြှင့်တင်မှုကို ဆိုင်းငံ့ထားတဲ့ ကာလကို နှစ်လ ထပ်တိုးမယ်လို့ သိရပါတယ်။ မူလက နိုဝင်ဘာလဆန်းမှာ သက်တမ်းကုန်မယ့် သဘောတူညီချက်ဟာ နောက်နှစ် ဇန်နဝါရီ လဆန်းထိ တည်ရှိနေမှာပါ။

နှစ်ဖက် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်တွေ ဆွေးနွေးမှုအပြီး ပူးတွဲ သဘောတူညီမှုသစ် တစ်ခုကို ရရှိခဲ့တယ်လို့ ရှီက ပြောပေမယ့် အခွန်နှုန်းထားတွေ၊ တရုတ်ဖက်က အမေရိကန်ရဲ့ ထုတ်ကုန်တွေကို ဘယ်လောက်ဖိုး ဝယ်ယူမလဲ ဆိုတာတွေကို အသေးစိတ် မကြေညာခဲ့ပါဘူး။ ပြီးတော့ တရုတ်ရဲ့ မြေရှားသတ္တု ရောင်းချရေး ကန့်သတ်ချက်တွေကလည်း ဆက်ပြီး တည်ရှိနေမှာပါ။

အရေးကြီးတဲ့ တိုးတက်မှု တစ်ခုအဖြစ် ဉာဏ်ရည်တု (AI) နည်းပညာ အဆင့်မြှင့်တင် ဖန်တီး တီထွင်မှုတွေမှာ နှစ်နိုင်ငံ ညှိနှိုင်း လုပ်ဆောင်ဖို့၊ AIအပေါ် အလွဲသုံးစား လုပ်မှုတွေကို ပူးပေါင်း ဟန့်တားဖို့၊ AIကို လူသားတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မသွားတာ သေချာအောင် ကိုင်တွယ်ဖို့ ဆိုတာတွေကို နှစ်နိုင်ငံ သမ္မတတွေ သဘောတူ လက်ခံခဲ့ပါတယ်။

ပြီးတော့ နှစ်နိုင်ငံကြားမှာ လေးစားမှု၊ တရားမျှတမှုနဲ့ အပြန်အလှန် ကောင်းကျိုးဖြစ်ထွန်းစေမှုတွေကို အခြေခံပြီး တည်ငြိမ်တဲ့ မဟာဗျူဟာ ဆက်ဆံရေး မူဝါဒတစ်ခု ညှိနှိုင်းဖော်ဆောင်ဖို့လည်း ကတိပြုခဲ့ကြပါတယ်။

ရှီက လာမယ့် ၅ နှစ်တာအတွင်း အမေရိကန် ကျောင်းသားလူငယ် ၁ သိန်းကို တရုတ်နိုင်ငံမှာ ပညာသင်ယူမှု၊ လေ့လာရေးနဲ့ အမြင်ဖလှယ်ရေး အစီအစဉ်တွေအတွက် ဖိတ်ခေါ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးတော့ ရင်းနှီးတဲ့ နိုင်ငံတွေဆီ ပန်ဒါဝက်ဝံတွေ ငှားရမ်းပေးတဲ့ တရုတ်ရဲ့ ပန်ဒါ ဒစ်ပလိုမေစီ အစိတ်အပိုင်း တစ်ရပ်အဖြစ် အမေရိကန်ရဲ့ အတ္တလန္တာ တိရစ္ဆာန်ဥယျာဉ်မှာ ထားရှိပြသဖို့ ပန်ဒါ ဝက်ဝံ နှစ်ကောင်ကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

ကိုးကား – CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။

Facebook