Connect with us

Hi, what are you looking for?

သတင်း

ဒါနာမုန်တိုင်းအိန္ဒိယကမ်းခြေကို ဝင်ရောက်ပြီး အားလျော့ပျက်ပြယ်မည်

နိုင်ငံတဝန်းမိုးအားနည်းသွားမည်ဖြစ်​သော်လည်း ​ဒေသ ၈ ခုတွင်​နေရာကွက်မိုးကြီးနိုင်ဟု MOHADM ခန့်မှန်း

ဒါနာ မုန်းတိုင်း ဖြတ်သန်းသည့်လမ်း​ကြောင်းကိုအိန္ဒိယ မိုးဇလ(IMD) ခန်မှန်းထားမှု

လူအေး/People’s Spring

ဒါနာ(Dana)ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယနိုင်ငံကမ်းခြေသို့ ဝင်ရောက်ပြီး ယနေ့(​အောက်တိုဘာ ၂၅) ညနေပိုင်းတွင် အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။

ဒါနာဆိုင်ကလုန်းမုန်တိုင်းသည် ​အောက်တိုဘာ ၂၄ ရက် ညသန်းခေါင်ကျော်တွင် အိန္ဒိယနိုင်ငံ၊ သြရိဿမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုလေတိုက်နှုန်း တစ်နာရီလျှင် (၆၅)မိုင်မှ (၇၅)မိုင်ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေသည်ဟုသိရသည်။ ထို့နောက် တဖြေးဖြေး အားလျော့ကာ ညနေပိုင်းတွင် ပျက်ပြယ်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာခဲ့ပြီး ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုဘေးများသတိပြုရန် အိန္ဒိယမိုးဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင်လတ်တလောရာသီဥတုအခြေအနေအရမိုးရွာသွန်းမှု သိသိသာသာ ပြန်လည်လျော့ကျသွားမည်ဖြစ်ပြီး မုတ်သုံ​လေအကြွင်းအကျန်တိမ်တိုက်များကြောင့်အောက်တိုဘာလ ၂၅ရက်တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့တွင် နေရပ်ကွက်၍မိုးရွာနိုင်ကြောင်း MOHADMက ခန့်မှန်းထားသည်။

ဒါနာမုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာလ ၂၀ရက်မှစ၍ အောက်တိုဘာလ ၂၃ရက်အထိ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ နေရာကွက်၍မိုးကြီးခဲ့သည်။ မန္တ​လေးတိုင်း အပါအဝင် အထက်မြန်မာနိုင်ငံ​ဒေသအချို့၌လည်း မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

ဆက်စပ်သတင်းများ

News

ဂူလက်ဘ်မုန်တိုင်းသည် အိန္ဒိယနိုင်ငံ Odisha နှင့် Andhra Pradesh နယ်စပ်သို့ ယမန်နေ့(စက်တင်ဘာ ၂၆)ညနက်ပိုင်းက ဝင်ရောက်ခဲ့သည်ဟု အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။