Connect with us

Hi, what are you looking for?

News

ဂူလက်ဘ်ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယကမ်းခြေဝင်သွားသော်လည်း မြန်မာ့ကမ်းရိုးတန်းဒေသများမိုးကြီးဦးမည်

ဂူလက်ဘ်မုန်တိုင်းသည် အိန္ဒိယနိုင်ငံ Odisha နှင့် Andhra Pradesh နယ်စပ်သို့ ယမန်နေ့(စက်တင်ဘာ ၂၆)ညနက်ပိုင်းက ဝင်ရောက်ခဲ့သည်ဟု အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်း Gulab -ဂူလက်ဘ်သည် အိန္ဒိယနိုင်ငံကမ်းကမ်းရိုးတန်းသို့ ဝင်ရောက်သွားသော်လည်း မြန်မာနိုင်ငံဒေသအချို့တွင် မိုးကြီးမည့် သတိပေးချက်များ ရှိနေသေးသည်။

ဂူလက်ဘ်မုန်တိုင်းသည် အိန္ဒိယနိုင်ငံ Odisha နှင့် Andhra Pradesh နယ်စပ်သို့ ယမန်နေ့(စက်တင်ဘာ ၂၆)ညနက်ပိုင်းက ဝင်ရောက်ခဲ့သည်ဟု အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဂူလက်ဘ် မုန်တိုင်း အိန္ဒိယနိုင်ငံကမ်းကမ်းရိုးတန်းသို့ ဝင်ရောက်သွားသော်လည်း ဘဂ်လားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်း ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သေးကြောင်း ရာသီဥတုဆိုင်ရာလေ့လာသူများက သတိပေးသည်။

ယနေ့(စက်တင်ဘာ ၂၇ရက်)အတွက် ဖြစ်နိုင်ခြေရှိသော ရာသီဥတုအခြေအနေအရ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကြီးနိုင်ပြီး ရန်ကုန်၊ မကွေး၊ မန္တလေး၊ ပဲခူးနှင့်တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု အမေရိကန်အခြေစိုက် ကမ္ဘာကျော် ဆိုင်ကလုန်မုန်တိုင်းသတိပေးရေးစင်တာ(Joint Typhoon Warning Centre – JTWC)ကို ကိုးကား၍ ရာသီဥတုဆိုင်ရာလေ့လာသူများက သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြေးလျနိုင်ငံ အနောက်ပိုင်းကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဇီလီရာ ဝင်ရောက် တိုက်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး ပြင်သစ် ပိုင်နက်အဖြစ် ရပ်တည်နေတဲ့ ကျွန်းနိုင်ငံလေး မာယော့တ်မှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရာဂဏန်း အတော်များများကနေ ထောင်ဂဏန်းထိ အသေအပျောက် ရှိနိုင်ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတဝန်းမိုးအားနည်းသွားမည်ဖြစ်​သော်လည်း ​ဒေသ ၈ ခုတွင်​နေရာကွက်မိုးကြီးနိုင်ဟု MOHADM ခန့်မှန်း

သတင်း

ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ကချင် ၊ ချင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအများစု၌မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်သည်။