Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာတွေလို့ ယူဆရသူ ၇၀ လောက်ကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော

ထိုင်းအာဏာပိုင်တွေဟာ ကလေးတွေ အယောက် ၃၀ လောက် အပါအဝင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေလို့ယူဆရသူ ၇၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ကလေးတွေ အယောက် ၃၀ လောက် အပါအဝင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေလို့ယူဆရသူ ၇၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ကလေးတွေ အယောက် ၃၀ လောက် အပါအဝင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေလို့ယူဆရသူ ၇၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

-People’s Spring

မြန်မာဖက်ကနေ တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရသူတွေကို တစုတဝေးတည်း ဖမ်းမိခဲ့တဲ့အကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းအရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။

ကနဦး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့ အခါမှာတော့ သူတို့ဟာ မြန်မာနိုင်ငံထဲက မွတ်ဆလင်တွေ ဖြစ်ပြီး ထိုင်းကနေတဆင့် မလေးရှား၊ ဒါမှမဟုတ် အင်ဒိုနီးရှားတို့ဆီ ရောက်ရှိနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ထွက်ဆိုခဲ့ကြကြောင်း ဖန်ငါ့ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ကိန် ဖိုသစ်ဆရီက ပြောပါတယ်။

အဲဒီ လူစုဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက ကျွန်းတစ်ခုရဲ့ ကမ်းခြေကို ရောက်နေပြီး အမျိုးသမီးတွေက မွတ်ဆလင်ရိုးရာ ခေါင်းမြီးခြုံ အဝတ်တွေ ဝတ်ထားတာကို ထိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်း ဓာတ်ပုံတွေအရ တွေ့ခဲ့ရပါတယ်။ သူတို့တွေ ဘယ်လိုဘယ်ပုံ အဲဒီကျွန်းပေါ် ရောက်နေခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရိုဟင်ဂျာတွေဟာ ခနော်နီခနော်နဲ့ တည်ဆောက်ထားတဲ့ သစ်သားလှေတွေပေါ် စုပြုံလိုက်ပါရင်း အန္တရာယ်များလှတဲ့ ပင်လယ် ခရီးကြမ်းကို ဖြတ်ကျော်လေ့ ရှိပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေဆီ ရောက်ရှိပြီး ဘဝသစ် စတင်နိုင်ဖို့ ဖြစ်ပါတယ်။ လှေစီးဒုက္ခသည်တွေလို့ ခေါ်ဝေါ်ခံရတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်မှာ ရာသီဥတု အခြေအနေ တည်ငြိမ်တဲ့ အောက်တိုဘာကနေ ဧပြီလတွေအတွင်း အဲဒီလို ခရီးစဉ်မျိုးကို ပိုပြီး ရွေးချယ်လေ့ ရှိပါတယ်။

ဆွမ်ကိန်ကတော့ လက်ရှိ ဖမ်းဆီးရရှိထားသူတွေဟာ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာတွေလား၊ မြန်မာနိုင်ငံသားတွေရော ပါသလား ဆိုတာကို စိစစ် ခွဲခြားနိုင်ဖို့ လုပ်ဆောင်နေဆဲလို့ ပြောပါတယ်။

ကလေးတွေကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ စောင့်ရှောက်ရေးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ ယာယီ ထိန်းသိမ်းထားမယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ရာနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ လှေတွေဟာ အင်ဒိုနီးရှား ကမ်းခြေတွေဆီ ဆိုက်ကပ်ခဲ့ဖူးပါတယ်။

ကိုးကား-CNA

(မြန်မာနိုင်ငံမှ ထွက်​ပြေးလာ​သော ရိုဟင်ဂျာ ​တွေက ​စက်လှေ​ပေါ်တွင်စာ​ရေးသားအကူအညီ​တောင်ခံထားမှု ။ (ပုံအ​​ဟောင်းဖြစ်ပါတယ်) ။.ဓါတ်ပုံ-ရိုက်တာ)

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။