Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီးယူအဖွဲ့ဝင် ဆလိုဗက်ကီးယား နိုင်ငံရဲ့ ဝန်ကြီးချုပ် ရုရှားကို သွားရောက်၊ ပူတင်နဲ့ တွေ့ဆုံ

ဥရောပ သမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆလိုဗက်ကီးယားရဲ့ ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က မော်စကို မြို့တော်ဆီ ရုတ်တရက် ရောက်ရှိခဲ့ပြီး ပူတင်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့တဲ့နောက်ပိုင်း အနောက်ဥရောပ နိုင်ငံခေါင်းဆောင်တွေထဲက တတိယမြောက် ပုဂ္ဂိုလ်တစ်ဦး ရုရှားနိုင်ငံကို ရောက်ရှိခြင်းလည်း ဖြစ်လာပါတယ်။

ဖီကိုဟာ စစ်ပွဲတလျှောက်မှာ အီးယူက ယူကရိန်းဖက်ကနေ အားပေးထောက်ခံ ရပ်တည်ခဲ့တဲ့အပေါ် အစဉ်တစိုက် ဝေဖန်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖီကိုရော၊ ကရင်မလင် နန်းတော်ကပါ ရုရှားခရီးစဉ်အတွင်း ဓာတ်ငွေ့ အရောင်းအဝယ် ကိစ္စနဲ့ ပတ်သက်လို့ အလေးထား ဆွေးနွေးခဲ့တယ်လို့ အသီးသီး အတည်ပြုခဲ့ကြပါတယ်။

ဆလိုဗက်ကီးယားဟာ ရုရှားဆီကနေ ဝယ်ယူတင်သွင်းတဲ့ ဓာတ်ငွေ့အပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။ အဲဒီ ဓာတ်ငွေ့ ဝယ်ယူတဲ့ ပိုက်လိုင်းတွေဟာ ယူကရိန်း ပိုင်နက်ထဲကနေ ဖြတ်သန်းသွားပါတယ်။ ဓာတ်ငွေ့ အရောင်းအဝယ်ဆိုင်ရာ ၅ နှစ် သဘောတူ စာချုပ်ဟာ အခုနှစ်ကုန်မှာ ပြီးဆုံးတော့မှာဖြစ်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့ရဲ့ အစိုးရဟာ အဲဒီစာချုပ် သက်တမ်းတိုးရေးအတွက် လက်ခံဆွေးနွေးမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားထားပါတယ်။

ဒါကြောင့်လည်း ဆလိုဗက်ကီးယားဟာ ရုရှားဆီက ဓာတ်ငွေ့ကို အဇာဘိုင်ဂျန်ဖက်က ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတွေကနေ တင်သွင်းမှု အပါအဝင် တခြားနည်းလမ်းတွေကို အပူတပြင်း ရှာဖွေနေပါတယ်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ပူတင်နဲ့ ဖီကိုတို့ဟာ နှစ်ဦးချင်း သီးသန့် တွေ့ဆုံမှုတွေလည်း ရှိခဲ့ကြောင်း၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ဓာတ်ငွေ့ အရောင်းအဝယ် ကိစ္စအပြင် နိုင်ငံတကာ အရေးကိစ္စတွေလည်း ပါဝင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

ယူကရိန်း စစ်ပွဲနောက်ပိုင်း အီးယူ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေ ရုရှားကို သွားရောက်မှုဟာ အရမ်းရှားပါးတဲ့ အခြေအနေမျိုး ဖြစ်လာပြီး အရင်တုန်းက ဩစတြီးယား အဓိပတိ ကားလ်နီဟမ်းမားနဲ့ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့က မော်စကိုမြို့တော်ဆီ ရောက်ရှိခဲ့ကြဖူးပါတယ်။ အဲဒီ ခရီးစဉ် နှစ်ခုစလုံးကိုလည်း အီးယူက ရှုတ်ချ ဝေဖန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။