Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင်လို့ ပူတင်ချီးကျူး

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင် တစ်ယောက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင် တစ်ယောက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးလိုက်ပါတယ်။

မတ်စ်ခ်က အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားတဲ့ SpaceX ကုမ္ပဏီဟာ ရုရှားနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းအတွက် စစ်သုံးအဆင့် Starlink အင်တာနက် ကွန်ရက်တွေကို ထောက်ပံ့ပေးထားပါတယ်။ Starshieldလို့ ခေါ်တဲ့ အဲဒီ စစ်သုံး Starlink မူကွဲဟာ ရုရှားကို တိုက်ခိုက်တဲ့၊ ရုရှားဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားတဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးတွေမှာ မရှိမဖြစ် အသက်သွေးကြော အနေနဲ့ ပါဝင် ပတ်သက်နေပါတယ်။

ရုရှားဟာ စစ်လက်နက်ပိုင်း၊ စစ်အင်အားပိုင်းမှာ ယူကရိန်းအပေါ် အသာစီး ရထားပေမယ့် အဲဒီ မြန်နှုန်းမြင့် Starshield အင်တာနက် ကွန်ရက်ကို ယှဉ်ပြိုင်ဖို့တော့ တောက်လျှောက် ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ ရုရှားဟာ Starshieldလိုပဲ ဂြိုဟ်တု အခြေပြု အင်တာနက် ကွန်ရက် လွှမ်းခြုံတဲ့ စနစ်ကို တည်ဆောက်ဖို့ အာကာသထဲကို ဂြိုဟ်တု အလုံးပေါင်း ၃၀ ကျော် လွှတ်တင်ထားပြီးပြီလို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရုရှားရဲ့ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးရေး ဝန်ကြီး မက်ခ်ဆွတ် ရှက်ဒါယက်ဗ်က ပူတင်ဆီ အစီရင်ခံခဲ့ပါတယ်။

အဲဒီအခါ ပူတင်က ဒါဟာ ရုရှားရဲ့ ကနဦး ခြေလှမ်းအဆင့်သာ ရှိသေးကြောင်း၊ မတ်စ်ခ်ကတော့ ဉာဏ်ကြီးရှင်၊ တကယ့် အကြီးစား ဉာဏ်ကြီးရှင်ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်က Starlink အနေနဲ့ ကမ္ဘာအနှံ့မှာ အားကောင်းတဲ့ အင်တာနက် ကွန်ရက် လွှမ်းခြုံထားဖို့ ဂြိုဟ်တု ဘယ်နှလုံး လွှတ်ထားသလဲလို့ မေးခဲ့တဲ့အခါ ရှက်ဒါယက်ဗ်က ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းမှာ အရေအတွက် ၅၀၀၀ ကျော်ရှိကြောင်း ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ Starlinkဟာ ဂြိုဟ်တု ၁၀၀၀၀ နီးပါးထိ လွှတ်တင်ထားတာ ဖြစ်ပါတယ်။

ဂြိုဟ်တု ၅၀၀၀ ကို ယှဉ်ဖို့ဆိုရင် ရုရှားရဲ့ အနေအထားက အစပဲ ရှိသေးကြောင်း၊ ဒါပေမဲ့လည်း အဲဒီ အစပြုပုံအတွက် ရုရှားအနေနဲ့ ဂုဏ်ယူကြောင်း ပူတင်က ပြောပါတယ်။ အခုတော့ ရုရှားရဲ့ ဂြိုဟ်တုတွေကို အရေအတွက်ရော၊ အရည်အသွေးပိုင်းမှာပါ ပိုကောင်းမွန်လာအောင် ခပ်မြန်မြန် လွှတ်တင်ဖို့ ဖြစ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။

တစ်ဖက်မှာတော့ ယူကရိန်းဟာ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး Starshieldအပေါ် လွန်လွန်ကဲကဲ မှီခိုနေရပါတယ်။ လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုရှားဆီက ဒီဇယ်ဆီတွေ ဝယ်ယူဖို့ ပူတင်နဲ့ သဘောတူညီမှု ရယူခဲ့တဲ့အပေါ် ယူကရိန်း အစိုးရက ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် ယူကရိန်းမှာ Starshield အင်တာနက် မြန်နှုန်းတွေ ရုတ်တရက် ကျဆင်းသွားလို့ မဟာဗျူဟာ စစ်ဆင်ရေးတွေ လုပ်ဆောင်လို့ မရဘဲ အကျပ်ရိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုတော့ Starshield စနစ်က ပုံမှန် ပြန်အလုပ်လုပ်နေပြီလို့ ယူကရိန်းက အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှားပါး အခြေအနေ တစ်ခုအဖြစ် NATO အဖွဲ့ဝင် နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။