Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားတစ်ဦးအလင်းဝင်လာကြောင်း ထီးလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသည့် ရဲတပ်သား နေမျိုးလင်းအား ဒေသခံပြည်သူများက ကြိုဆိုနေကြစဉ်။ ဓာတ်ပုံ - မင်းဒဿ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားတစ်ဦးအလင်းဝင်လာကြောင်း ထီးလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းက ရဲတပ်သားနေမျိုးလင်းသည် MA ကျည် ၁၈၆ တောင့်၊စကားပြောစက်တစ်လုံးနှင့် လက်ပစ်ဗုံး တစ်လုံး ယူဆောင်လာပြီး အလင်းဝင်လာခြင်းဟု ဆိုသည်။

“ရဲတွေကို လက်နက် အမြဲပေးမကိုင်ထားဘူး။ညပိုင်း ကင်းကျတဲ့အချိန်မှ ထုတ်ပေးတာကြောင့် သေနတ်တော့ ပါမလာဘူး။ဒါပေမယ့် ရတာယူလာနိုင်ခဲ့တယ်။ထီးလင်း မြို့ပေါ်မှ ကျန်နေသေးတဲ့ စစ်သားနဲ့ရဲတွေအနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းတယ်”ဟု အထက်ပါတာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ရဲတပ်သားနေမျိုးလင်းကို ထီးလင်းဒေသခံပြည်သူများကကြိုဆိုခဲ့ကာ လွတ်မြောက်နယ်တနေရာသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသာကျန်တော့၍ အလင်းဝင် ဘက်ပြောင်းရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

“ထီးလင်းမြို့ပေါ်မှာ စစ်ကောင်စီ၊ရဲ နှင့်ပျူစောထီး အင်အား ၂၀၀ဝန်းကျင်ရှိနိုင်တယ်။သူတို့မိသားစုဝင်တွေပါပေါင်းရင် ၅၀၀ နဲ့ ၆၀၀ပေါ့။မြို့ပေါ်မှာလည်း သူတို့ပဲ ကျန်တော့တာ”ဟု ထီးလင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ဆင်ရေး များပိုမိုပြင်းထန်လာမည့်အတွက် ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ထုတ်ပြန်ထားသည်။

၂၀၂၃ မတ်လကုန်အထိ ထီးလင်းမြို့ရှိလူဦးရေ စာရင်းသည် ၅၁,၆၅၃ ဦးရှိပြီး ထိုအနက်မြို့ပေါ်တွင် နေထိုင်သူ ၄,၈၃၃ ဦးရှိကြောင်း စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းတွင် ဖော်ပြ သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။