Connect with us

Hi, what are you looking for?

News

စစ်ကိုင်း-မကွေး-ချင်းပြည်နယ်ဆက်စပ်နေသောလမ်းပိုင်းငါးခုကိုပြည်သူများတစ်ပါတ်အတွင်းအသုံးမပြုရန် YDF အသိ့ပေး

ကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း PDFများက ခုခံတော်လှန်စစ်ဆင်နွှဲရာတွင်အရပ်သားများ ဘေးအန္တရာယ်ကင်းစေရေးအတွက် အောက်တိုဘာ ၂၉ရက် နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ထိက်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်လာနိုင်၍ စစ်ကိုင်း-မကွေးနှင့် ချင်းပြည်နယ် ဆက်စပ်နေသည့်
လမ်းပိုင်းငါးခုတွင် တစ်ပါတ်အတွင်း ခရီးသွားလာခြင်းမပြုလုပ်ရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDFက အသိပေးချက်ထုတ်ပြန်သည်။

လက်ရှိတင်းမာနေသော စစ်ရေးအခြေအနေများအရ ပုလဲ-‌ကျော-ဂန့်ဂေါ-ကလေးလမ်း၊ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါးလမ်း၊ပေါက်-ထီးလင်း-မင်းတပ်လမ်း၊ပေါက်-ကျောက်ထု-မင်းတပ်လမ်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ကျောက်ထု၊ ဆော လမ်းပိုင်းများတွင် ထိပ်တိုက် တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် တစ်ပတ်အတွင်း လုံးဝ(လုံးဝ) ခရီးသွားလာခြင်း မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ကြောင်းYDFက ယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း PDFများက ခုခံတော်လှန်စစ်ဆင်နွှဲရာတွင်အရပ်သားများ ဘေးအန္တရာယ်ကင်းစေရေးအတွက် အောက်တိုဘာ ၂၉ရက် နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကိုင်း-မကွေးနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီက အင်အားသိသိသာသာတိုးထားသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ခုခံတော်လှန်စစ်ဆင်နွှဲရန် ပြင်ဆင်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။