Connect with us

Hi, what are you looking for?

News

စစ်ကိုင်း-မကွေး-ချင်းပြည်နယ်ဆက်စပ်နေသောလမ်းပိုင်းငါးခုကိုပြည်သူများတစ်ပါတ်အတွင်းအသုံးမပြုရန် YDF အသိ့ပေး

ကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း PDFများက ခုခံတော်လှန်စစ်ဆင်နွှဲရာတွင်အရပ်သားများ ဘေးအန္တရာယ်ကင်းစေရေးအတွက် အောက်တိုဘာ ၂၉ရက် နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ထိက်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်လာနိုင်၍ စစ်ကိုင်း-မကွေးနှင့် ချင်းပြည်နယ် ဆက်စပ်နေသည့်
လမ်းပိုင်းငါးခုတွင် တစ်ပါတ်အတွင်း ခရီးသွားလာခြင်းမပြုလုပ်ရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDFက အသိပေးချက်ထုတ်ပြန်သည်။

လက်ရှိတင်းမာနေသော စစ်ရေးအခြေအနေများအရ ပုလဲ-‌ကျော-ဂန့်ဂေါ-ကလေးလမ်း၊ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါးလမ်း၊ပေါက်-ထီးလင်း-မင်းတပ်လမ်း၊ပေါက်-ကျောက်ထု-မင်းတပ်လမ်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ကျောက်ထု၊ ဆော လမ်းပိုင်းများတွင် ထိပ်တိုက် တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် တစ်ပတ်အတွင်း လုံးဝ(လုံးဝ) ခရီးသွားလာခြင်း မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ကြောင်းYDFက ယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း PDFများက ခုခံတော်လှန်စစ်ဆင်နွှဲရာတွင်အရပ်သားများ ဘေးအန္တရာယ်ကင်းစေရေးအတွက် အောက်တိုဘာ ၂၉ရက် နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကိုင်း-မကွေးနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီက အင်အားသိသိသာသာတိုးထားသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ခုခံတော်လှန်စစ်ဆင်နွှဲရန် ပြင်ဆင်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ စစ်မျက်နှာ ၄ခုမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"