Scorpio/People’s Spring
ပြည်တော်ဝင်ရန် ဆင်တပ်ဖြင့် ကျောက်ဆည်သို့ ချီတက်လာပြီဟု ကျောက်ဆည်ခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ကြေညာသည်။
ကျောက်ဆည်ခရိုင် တပ်ရင်း(၃)၏ ရဲဘော်များသည် ဆပ်တပ်ဖြင့် ချီတက်လာကာ ရှေ့ဆုံးဆင်ပေါ်တွင် ရဲရဲတောက် PDF အလံတော်ကို လွှင့်ထူလာခဲ့သည်။ တောတောင်များ၊ မြစ်ချောင်းများ၊ ချိုင့်ဝှမ်းများကို ဖြတ်သန်းရင်း မြင်စိုင်းရွှေပြည် တည်ရှိရာဒေသဖြစ်သော ဆင်သမိုင်းဖြင့် ကျော်
ကြားသည့် ကျောက်ဆည်မြို့ကို ချီတက်လာပြီဖြစ်ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း(၃)က အသိပေးသည်။

Public Service Announcement
“ကျွန်တော်တို့ရဲ့ ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃) ဟာ ဆင်တပ်၊ ဗိုလ်ပါအခြံအရံပေါင်းများစွာနဲ့ တောတောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ် အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်လို့လာနေပါပြီ။”ဟု ကျောက်ဆည်ခရိုင် တပ်ရင်း(၃)က အသိပေးသည်။
ကျောက်ဆည်ခရိုင် တပ်ရင်း(၃)၏ ထုတ်ပြန်သည့်ရုပ်သံမှတ်တမ်းတွင်လည်း ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည့် စစ်ချီသီချင်းအဖွဲ့ဖြစ်သော ပင်းယခေတ်၊ ငါးစီးရှင်ကျော်စွာရေးသားခဲ့သည့် မြင်စိုင်းရွှေပြည်ကာချင်းကို အသုံးပြုထားသောကြောင့် ရဲရင့်တက်ကြွစေသည်။
“သွေးတွေတောင် တဖျန့်ဖျန့်ခုန်နေတယ်။ ကြားရတာ စိတ်တက်ကြွလိုက်တာ။”ဟု ရုပ်သံကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။
တာဝတိံသာ နတ်ရွာလော နတ်ရွာလော ဖြင့် အစချီထားသည့် မြင်စိုင်းရွှေပြည်ကာချင်းသည် တက်ကြွစေကာ ရွတ်ဆိုသူ၏ စိတ်ကို မျိုးချစ်စိတ်ဖြင့်ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည်။ ဖြတ်လပ်မှု၊ စိတ်ထက်သန်မှု၊ စွန့်စားမှု၊ သတ္တိရှိမှုကို ဖြစ်စေသည်။ စစ်သွေးစစ်မာန်ကြွ၍ ဓားရေး၊ လှံရေး ပြလိုသော် စစ်သည် သူရဲကောင်းစိတ်မျိုး ဝင်စေသည်ဟု ရှေးစာဆိုများက ယူဆကြသည်။
ပြည်သူများအနေဖြင့် ပြည်တော်ဝင်စစ်ဆင်ရေး အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် တတ်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြရန် ကျောက်ဆည်ခရိုင် တပ်ရင်း(၃)က တိုက်တွန်းနှိုးဆော်ထားသည်။
ရုပ်သံ-ကျောက်ဆည်ခရိုင် တပ်ရင်း(၃)


















































