Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲကို မရပ်ရင် ရုရှားကို အခွန်စည်းကြပ်မှု၊ အရေးယူ ပိတ်ဆို့မှုတွေ တိုးမြှင့်မယ်လို့ ထရမ့် ခြိမ်းခြောက်

အဓိပ္ပါယ် ကင်းမဲ့တဲ့ ယူကရိန်း စစ်ပွဲကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆက်ပြီး တိုက်ခိုက်နေဦးမယ်ဆိုရင် ရုရှားအပေါ် ပြင်းထန်တဲ့ အခွန်စည်းကြပ်မှုတွေ၊ ပိုမိုကျပ်တည်းတဲ့ အရေးယူ ပိတ်ဆို့တွေ ကျင့်သုံးပြီး ဖိအားပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

အဓိပ္ပါယ် ကင်းမဲ့တဲ့ ယူကရိန်း စစ်ပွဲကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆက်ပြီး တိုက်ခိုက်နေဦးမယ်ဆိုရင် ရုရှားအပေါ် ပြင်းထန်တဲ့ အခွန်စည်းကြပ်မှုတွေ၊ ပိုမိုကျပ်တည်းတဲ့ အရေးယူ ပိတ်ဆို့တွေ ကျင့်သုံးပြီး ဖိအားပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားရာမှာတော့ ထရမ့်က သူဟာ ယူကရိန်း စစ်ပွဲ ရပ်တန့်ရေးအတွက် တွန်းအားပေးသွားမှာ ဖြစ်ကြောင်း၊ အဲဒါကလည်း ရုရှားသမ္မတနဲ့ ရုရှားနိုင်ငံအတွက် ပိုမို အဆင်ပြေအောင် ကမ်းလှမ်း စီစဉ်ပေးတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း မှတ်ချက် ပေးထားပါတယ်။

စစ်ပွဲနဲ့ ပတ်သက်ပြီး အဖြေရှာရတော့မှာ ဖြစ်ကြောင်း၊ အဓိပ္ပါယ် ကင်းမဲ့တဲ့ စစ်ပွဲကို ရပ်ပစ်ဖို့ လိုပြီဖြစ်ကြောင်း ထရမ့်က Truthမှာ ရေးသားထားပါတယ်။ တကယ်လို့ ရုရှားနဲ့ ညှိမရဘူးဆိုရင် အမေရိကန်ဟာ ပိုမိုခက်ထန် ကြမ်းတမ်းတဲ့ အခွန်စည်းကြပ်မှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေကို မလွှဲမရှောင်သာ ကျင့်သုံးရမှာဖြစ်ကြောင်း၊ အဲဒီအခါ အမေရိကန်ဆီ ရုရှားနဲ့ တခြားဆက်စပ်တဲ့ နိုင်ငံတွေဆီက တင်သွင်းတဲ့ ပစ္စည်းမှန်သမျှ အခွန်နဲ့ အရေးယူပိတ်ဆို့မှုတွေ မြင့်တက်လာမှုကို ကြုံမှာဖြစ်ကြောင်း ထရမ့်က သတိပေးထားပါတယ်။

ရုရှားဖက်ကတော့ ထရမ့်ရဲ့ မှတ်ချက်အပေါ် လတ်တလော ဘာတုံ့ပြန်မှုမှ မရှိသေးပါဘူး။ အစောပိုင်းတုန်းကတော့ ရုရှား အစိုးရ ထိပ်ပိုင်းအရာရှိ တချို့က အမေရိကန် ထရမ့် သမ္မတ ဖြစ်လာတဲ့အချိန် ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ရုရှားနဲ့ ဆွေးနွေးဖို့ သေးငယ်ပေမယ့် လက်တွေ့ကျတဲ့ အလားအလာတွေ ရှိနိုင်တယ်လို့ ပြောဆိုထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းကတော့ ထရမ့်က သူသမ္မတ ဖြစ်လာရင် ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ရပ်တန့်ရေးကို တစ်ရက်တည်းနဲ့ အပြီးအပြတ် ဆွေးနွေးနိုင်စေမယ်လို့ ကြုံးဝါးထားဖူးပါတယ်။

ထရမ့်ဟာ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အပေးအယူ အနေနဲ့ ရုရှား သိမ်းယူထားတဲ့ ယူကရိန်း နယ်မြေတွေကို လက်လွှတ်ပေးဖို့ ယူကရိန်း အစိုးရကို ဖိအားပေးလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းက စတင်တဲ့ စစ်ပွဲအတွင်း ရုရှားဟာ ယူကရိန်းပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ နယ်မြေတွေကို သိမ်းပိုက်ထားပါတယ်။ ယူကရိန်းက အပစ်အခတ် ရပ်စဲရေးကို ကြိုဆိုပေမယ့် အဲဒီအတွက် နယ်မြေတွေကို အဆုံးရှုံး ခံဖို့တော့ မလိုလားပါဘူး။

သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တစ်နေ့ ဇန်နဝါရီ ၂၁ ရက်မှာတော့ ထရမ့်က သူဟာ မကြာခင် ပူတင်နဲ့ စကားပြောဖြစ်ဖွယ် ရှိတယ်လို့ သတင်းထောက်တွေကို မှတ်ချက် ပေးခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ ထရမ့်က Truthမှာ သူ့ရဲ့ သတိပေး ခြိမ်းခြောက်မှုကို ရေးသား ဖော်ပြခဲ့တာပါ။

ထရမ့်က ၂၀၂၂ ခုနှစ်မှာ သူသာ အမေရိကန် သမ္မတ ဖြစ်နေခဲ့ရင် ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲတောင် ဖြစ်ခဲ့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခုလည်း စစ်ဖြစ်နေပေမယ့် ခက်ခဲတာတွေထက် လွယ်ကူတဲ့ လမ်းကို ရွေးချယ်လို့ ရနေသေးကြောင်း၊ ပိုလွယ်ကူတဲ့ နည်းလမ်းဟာ အမြဲတမ်း ပိုမိုကောင်းမွန်ကြောင်း၊ လက်ရှိကာလဟာ သဘောတူညီမှု တစ်ခုကို အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့အချိန်ဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကာလအတွင်းမှာပဲ ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဟောင်းက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်စဲရေးနဲ့ ပတ်သက်လို့ သူစိတ်ပျက်လာအောင် မလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။