Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုကူညီနေသည့် တရုတ်သမ္မတကို ရန်ကုန်မြို့တွင် ဆန္ဒပြ

ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတတို့ကို ဆန့်ကျင်ကြောင်းရန်ကုန်မြို့တစ်နေရာတွင်လူငယ်များက ယနေ့ (ဇန်နဝါရီ ၂၉) ဆန္ဒပြခဲ့သည်။

သုည/People’s Spring

ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတတို့ကို ဆန့်ကျင်ကြောင်းရန်ကုန်မြို့တစ်နေရာတွင်လူငယ်များက ယနေ့ (ဇန်နဝါရီ ၂၉) ဆန္ဒပြခဲ့သည်။

လူငယ်များက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုပ်ပုံများ၊ “China Stop Your Hypocrisy! , China Stop Killing Myanmar People by Supporting Fascist Criminals” စသည့်စာသားများပါဝင်သော ပိုစတာများအား ထောင်နှင့်ချီ ကြဲချခြင်း၊ စတစ်ကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

https://www.facebook.com/LuduNwayOo/videos/1301362951148877

Public Service Announcement

Public Service Announcement

ထိုလှုပ်ရှားမှုကို ရန်ကုန်မြို့နေတော်လှန်ပြည်သူလူထုနှင့်အတူ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) နှင့် ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့ တို့မှ ပူးပေါင်းလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။

၄င်းလှုပ်ရှားမှုမှတစ်ဆင့် မြန်မာပြည်သူလူထု၏ လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့်များကို ဖိနှိပ်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ရှိရာ စစ်ဘေးရှောင်စခန်းများ၊ ကျေးလက်ဒေသများ အပေါ် လေကြောင်းမှတစ်ဆင့် လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့်နည်းလမ်းများဖြင့် သတ်ဖြတ်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့အား ထောက်ခံရပ်တည်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်။

ထိုအပြင် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်၏ ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတို့ ချီတက်လျှောက်လှမ်းနေသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက် ပန်းတိုင်အပေါ် လေးစားခြင်းအား

ဖြင့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း မပြုပဲ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းလမ်းဖြင့် ရပ်တည်ပေးပါရန်လည်း တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...